Conclusion

3.8K 105 13
                                        

" အဖိုးနဲ့အဘွားနောက်ဆုံးဘယ်လိုဝေးသွားခဲ့ကြတာလဲ"
​ လူငယ်လေး တစ်ယောက်ရဲ့အမေးကို ဖြေဖို့
ဆေးလိပ်မီးတံ ကို ဖိသတ်ရင်း အဖိုးအိုဟာချောင်းတစ်ချက် ဟန့်လိုက်သည်

" နောက်ဆုံး သမီးလေး မွေးတော့ သူ့ရဲ့ တီဘီ အခံကြောင့် နဂိုကိုယ်ခံအားမကောင်းတော့ ဒဏ်တွေမခံနိုင်ဘူးထင်ပါရဲ့"

ပြောရင်းအသံတွေတုန်နေပေမဲ့ အဖိုးဟာ အဘွားရဲ့
ဓာတ်ပုံကို ငေးကြည့်နေခဲ့သည်

" အဘွားကိုပြန်တွေ့ချင်လား"
ထူးထူးဆန်းဆန်းမေးသော ထိုလူငယ်ရဲ့စကားကြောင့် သူထိုလူငယ်ကိုစေ့စေ့ကြည့်လိုက်သည်

" ပြန်ခေါ်လို့သာရတယ်ဆိုငါ့အသက်ကိုပေးပြီး သူ့ကိုပြန်ခေါ်ချင်တယ် သားသမီးတွေသိုက်သိုက်ဝန်းဝန်းနဲ့ အဘွားကြီးဖြစ်တဲ့ထိနေစေချင်တယ်"
စကားပြောနေရင်းပင် အဖိုးရဲ့အသံကတုန်ခါလျက်

လူငယ်က သေချာခိုင်မာတဲ့ အပြုံးတစ်ခုနဲ့ပြုံးပြတယ်

" ဒီဟာလေးက အဖိုးကိုကူညီနိုင်မယ်ထင်ပါတယ်"

အဖိုးက လူငယ်ကမ်းပေးတဲ့နာရီလိုပစ္စည်းလေးကိုစေ့စေ့ကြည့်လိုက်တယ်

"အကယ်လို့ အဘွားပြန်လာခဲ့ရင် ဒီပစ္စည်းလေးကို တခြားလူကိုမပေးပဲ အပြီးတိုင်ဖျက်ဆီးလိုက်ပါ... ကျွန်တော့တုန်းကမဖျက်ဆီးခဲ့တော့ ကံကြမ္မာတစ်ပတ်ပြန်လည်ခဲ့တယ် အဖိုးကိုလက်ဆင့်ကမ်းမပေးရင်
ကျွန်တော်ချစ်တဲ့သူကိုဆုံးရှုံးရတော့မယ်"

လူငယ်ပြောတဲ့စကားကို သေချာ အာရုံစိုက်နားထောင်နေရင်း
ထိုနာရီလိုပစ္စည်းလေးကို ဖင်ပြန်ခေါင်းပြန်ကြည့်မိနေတယ်

" ကျေးဇူးတင်ပါတယ်"

မျက်ရည်တွေဝေ့ဝဲရင်းသူလူငယ်ဘက်လှည့်ကြည့်လိုက်တော့

စောနက ဘေးမှာရှိနေတဲ့လူငယ်ဟာရေမှုန်​
မွှားတစ်ခုလိုပျောက်ကွယ်သွားခဲ့သည်

The Old Me & YouМесто, где живут истории. Откройте их для себя