Part 5

1.5K 74 0
                                        

Maryနဲ့ပတ်သတ်တဲ့အရာအားလုံးကို

သိပ်ကို နားလည်ပါတယ်ဆိုတဲ့ လင်းနစ်တောင် တကယ်တမ်းတော့ Mary ကိုနားမလည်ခဲ့ဘူး......

သူရိမ်နဲ့ပတ်သတ်တဲ့ခံစားချက်တွေကိုအခုချိန်ထိမမေ့နိုင်တော့ဘူးလားလို့ တစ်ခါတစ်လေ ဖွင့်ဟမေးတဲ့ထိပဲ

Mary နားလည်ပါတယ် 

အချစ်မပါပဲ သံယောဇဉ်သက်သက်နဲ့ မေရီရှေ့ဆက်သွားရမှာမို့ သူ့ကိုတကယ်အားလည်းနာမိတယ်

လင်းနစ်ကတကယ်လည်း Mary အတွက်အမြဲရှိခဲ့ပေမဲ့

လင်းနစ်အတွက် Maryအမြဲရှိပေးနိုင်မလားဆိုတာမသေချာခဲ့ဘူး

အရာရာဟာ ရုပ်ရှင်ပြကွက်တွေဆန်ဆန်ပြီးဆုံးခဲ့ပေမဲ့

စိတ်သွားတိုင်းကိုယ်မပါတဲ့ အောင်မြင်မှုတွေ ပျော်ရွှင်မှုတွေဆိုတာ အခွံသက်သက်ဖြစ်နေဆဲ

                                 ...................

ကန်ရေပြင်ခပ်ကျယ်ကျယ်ရှေ့က
ကဗျာဆန်ဆန် Italian ဆိုင်လေးထဲ မေရီထိုင်နေခဲ့သည်

ခုံတန်းလေးတွေကထူးထူးခြားခြားအပြာနုရောင်သုတ်ထားပြီးဖြူလွှလွှ ခေါင်မိုးလေးတွေနဲ့မို့ မသိရင် Santorini ကလိုလို

ကန်ရှေ့မှာတော့ကြာပင်တွေထူထူထဲထဲပေါက်နေခဲ့လို့ ရေနက်မှာကိုခန့်မှန်းမိသည်

စားသောက်ဆိုင်ထဲမှာသူမအပြင် နောက်ထပ် foreigener ၂ ယောက်သာရှိသည်

လာချပေးတဲ့ ဝ်ိုင် ကိုသောက်ရင်း နာရီကိုကြည့်လိုက်တော့အချိန်က ၆ နာရီခန့်

လင်းနစ်ဟာအမြဲလိုလိုမေရီနဲ့ချိန်းတိုင်းစောရောက်နေတက်တဲ့သူမို့မေရီထိပ်ခနဲစိတ်ပူသွားခဲ့သည်

မေရီ လင်းနစ်ကိုဖုန်းခေါ်လိုက်သည်
သူ့ဘက်ကဘာမှပြန်မဖြေ

ခဏနေတော့ ထိုင်နေတဲ့ foreigner နှစ်ယောက်ပါထပြန်သွားခဲ့လို့ ဆိုင်ထဲမှာသူမအပြင်လူတစ်ယောက်မှမရှိတော့

လူမရှိပေမဲ့ ဆိုင်က waiter တွေတော်တော်များများ ယောက်ယက်ခတ်နေကြသည်

ရုတ်တရက် restaurant တစ်ခုလုံးအမှောင်ကျသွားခဲ့သည်

" ဟင် ..ဘာဖြစ်တာလဲ"

The Old Me & YouTempat cerita menjadi hidup. Temukan sekarang