Part 8

1.4K 57 1
                                        

အချိန်တွေ
နာရီတွေ
ရာသီတွေ ပြောင်းလဲနေပေမဲ့
ကျွန်တော်ဟာ အခုချိန်ထိ black hole လူသားတစ်ယောက်ဖြစ်နေတယ်
​ပြောရရင်ကွက်လပ်မပြည့်နိုင်တဲ့သူပေါ့....

ပုခုံးထိရှည်စပြုလာတဲ့ သူ့ဆံပင်ကိုဆွဲစည်းလိုက်တယ်

သူ့မျက်နှာရှိ ပါးသိုင်းမွေးတွေကိုကြည့်ကောင်းရုံ ခပ်ပါးပါးဓားနဲ့ရိတ်လိုက်တယ်

ခပ်နွမ်းနွမ်း လည်သာ jacket တစ်ထည်ကိုဝတ်ရင်း
အလုပ်ရှိရာကိုသူထွက်လာခဲ့တယ်

ဒီတစ်ခါ သူလိုက်ပို့ရမဲ့ foreigner အုပ်စုက သူနဲ့ရွယ်တူလောက်ရှိတဲ့ လူငယ်အဖွဲ့ပဲ

​တော်တော်များများ foreigner တွေ သူရိမ့်ကိုငှားကြတဲ့အကြောင်းအရင်းက

ပုံမှန် လိုင်စင်နဲ့ foreigner တွေထက်ဈေးသက်သာတယ်တယ်

နယ်မြေကျွမ်းကျင်တယ်

နောက်ပြီး ပေါ့ပေါ့ပါးပါးရှိတယ်ပေါ့

သူရိမ်နဲ့သွားတဲ့ အုပ်စုတော်တော်များများကလည်းလူငယ်တွေများပြီး
လူသိများတဲ့တောင်ကွဲစေတီတို့ ငွေတောင်ဆည်တို့လိုနေရာတွေသွားကြတာထက်
adventure တို့ camp တို့ ပုံစံတွေကို ဒိုင်ခံစီစဉ်ပေးရတာများတယ်

အခုလည်း
မြန်မာပြည်ရဲ့ little Newzealand လို့တင်စားရတဲ့ ဟိုယာဒေသကဆင်ဖြူတောင်ခရီးကိုသွားကြမှာဖြစ်တယ်
ဆင်ဖြူတောင်ဟာလွိုက်ကော်ကဆို တစ်နာရီခွဲလောက်ဆက်မောင်းရသလို
တောင်တက်လမ်းကြမ်းတဲ့အတွက် အမြဲလိုလိုစောစောထွက်လေ့ရှိတယ်
camp ပစ္စည်းတချို့ကို ကားပေါ်တင်ရင်း
ရာသီဥတုကိုသူကြည့်လိုက်သည်
တိမ်အနည်းငယ်ထူနေပေမဲ့ နေပွင့်နေခဲ့တယ်

ဆင်ဖြူတောင်သွားတဲ့လမ်းက မိုးသာရွာရင်အတော်လေးဆိုးရွားတဲ့ မြေသားလမ်းမို့
မိုးမရွာပါစေနဲ့သူဆုတောင်းမိသည်

"White Elephant Mountain is located in Hoya area
In the past, these area are defined as the conflict zones.
It is located between 4,000 and 5,000 feet above sea level in Hafruso.
There is only two seasons
winter and rainy.
Even in the hottest summers in here , Hoya's climate is ideal for living"

"ဆင်ဖြူတောင်က ယောလူမျိုးတွေအနေများတဲ့
ဟိုယာဒေသမှာတည်ရှိတယ်

The Old Me & YouTempat cerita menjadi hidup. Temukan sekarang