Part 3

1.8K 72 0
                                        

" အဲ့ငနဲဘယ်ကလဲဘယ်သူလဲ"
မကြာခဏခပ်တင်းတင်းမေးတက်သူက Mary ရဲ့အကို

Mary အကိုက အဖေနဲ့သိပ်တူတယ်
မျက်နှာထားတင်းတင်း
စိတ်တိုလာရင်အလိုလိုနီမြန်းလာတက်တဲ့မျက်နှာရှိပြီး
စကားပြတ်တယ်

မသိချင်ယောင်ဆောင်ထားပေမဲ့လည်း ဘယ်သူ့ကိုပြောနေမှန်း Mary ရိပ်မိသည်

Mary ကိုယ်တိုင်လည်းတကယ်တမ်းတော့
သူ့နာမည်သူရိန်ဆိုတာကလွဲပြီး
သူ့အကြောင်းကိုဂဂဃနဏဘာမှမသိခဲ့

Maryသိတဲ့သူ့အကြောင်းဆိုလို့
အမြဲလိုလိုနစ်ဝင်ခဲ့ရတဲ့ အပြုံးတွေရယ် စူးစူးနင့်နင့်ကြည့်တက်တဲ့မျက်ဝန်းတွေရယ်ပဲရှိတာလေ

"နောက်နှစ်ဆိုတက္ကသိုလ်သွားတက်ရတော့မှာနော် စိတ်များဖို့မစဉ်းစားနဲ့"

ခပ်တင်းတင်းပြောသွားတဲ့ သူမအကိုရဲ့စကားကို Mary အင်းမလှုပ်အဲမလှုပ်ဖြစ်နေခဲ့သည်

နောက်တော့ English စာသင်တန်းကိုအကြောင်းပြပြီး သူနဲ့တွေ့ကြိုးစားမိတယ်

တဖြည်းဖြည်းချင်းစီနဲ့ရင်းနှီးစပြုလာတဲ့သူနဲ့

Mary ကြားမှာ အတားအဆီးတော်တော်များများရှိနေတယ်ဆိုတာပါပဲ

Mary ကိုယ်တိုင်ရိပ်မိတဲ့အချိန်တွေမှာနှောင်ကြိုးတွေကအတော်လေးအမြစ်တွယ်နေခဲ့ပြီ

သူကက Mary ထက် ၃ နှစ်ကြီးတယ်

လွိုင်ကော်ကသူ့ဦးလေးကားပစ္စည်းဆိုင်မှာအကူအနေနဲ့ဝင်လုပ်တယ် အားတဲ့အချိန်ဆို tour guide လိုက်လုပ်တယ်

tour guide ဆိုလို့လိုင်စင်နဲ့တရားဝင်လုပ်နေတာမျိုးတော့မဟုတ် တတိယနှစ်နဲ့ကျောင်းနားထားပြီးကတည်းက သူ့အတွက်ဝင်ငွေသေးသေးလေးကအစမက်မက်မောမောလုပ်ရခြင်းသာဖြစ်သည်

Mary မိဘတွေအနေနဲ့
မိဘမရှိတော့တဲ့ တစ်ကောင်ကြွက် ဘာသာခြားတစ်ယောက်ကိုလက်သင့်ခံနိုင်ဖို့ကတော်တော်လေးမလွယ်တာ Mary ရိပ်မိပါတယ်

ဒါပေမဲ့လည်းလေအချစ်ဆိုတဲ့အရာက ထိန်းချုပ်လို့မှမရခဲ့တာ

ချစ်ရတဲ့သူနဲ့မို့ပတ်သတ်သမျှအရာရာဟာသိပ်ကိုလှပနေတော့တာပဲ

The Old Me & YouTempat cerita menjadi hidup. Temukan sekarang