Charlotteတကယ်စိတ်မကောင်းနေမှန်းသူမမျက်လုံးတွေကတဆင့် သူရိမ်မြင်ရတယ်
"I know this feelings Rain
I have lost someone just like you"သူမပြောရင်းမျက်ရည်ကပေါက်ခနဲကျလာခဲ့တယ်
အတန်ကြာအောင် Charlotte ရော သူရော စကားမပြောပဲငြိမ်သက်ရင်း တောင်တန်းတွေပေါ်ကကြယ်တွေကိုငေးကြည့်နေခဲ့တယ်
"ဒါလေးလေ... Rain သုံးလို့ရမယ်မျှော်လင့်ပါတယ်"
သူ့လက်ထဲလာထည့်ပေးတာက သူမဆွဲထားတဲ့ ဆွဲကြိုးလေး
သူဖွင့်ကြည့်လိုက်တော့ သာမာန် locket တစ်ခုမဟုတ်ပဲ
Calendar ပါတဲ့နာရီဟောင်းလေးတစ်လုံး
နာရီဟောင်းလေးဆိုပေမဲ့ ကျစ်လစ်နေခဲ့တယ်
လရောင်အောက်မှတောင်ရွှေရောင်တစ်ဖိတ်ဖိတ်တောက်နေခဲ့သည်ဘာသဘောနဲ့သူမပေးမှန်းမသိပေမဲ့ သူယူထားလိုက်တယ်
" ဒီနာရီကအီဂျစ်မှာရောက်တုန်းကတို့ဆုံးရှုံးသွားတဲ့သူကဝယ်ပေးခဲ့တာလေ"
" ဟာ ဒီလိုအဖိုးတန်ပစ္စည်းတော့ ကျွန်တော်ယူသွားလို့မရဘူးလေ Charlotte "
သူပြန်ပေးတော့ Charlotte ကငြင်းတယ်
ဒီအတိုင်းအမှတ်တရပေးတာမို့ယူပါတဲ့လေ
"Good night နော်" သူ့နှဖူးကိုခပ်ဖွဖွနမ်းရင်း Charlotte ထွက်သွားခဲ့သည်
အတွေးတွေများစွာနဲ့အတူ သူယောက်ယက်ခတ်နေခဲ့သည်
Charlotte ကိုနားလည်ရခက်တာရော
Mary ကိုသတိရတာရော
တော်တော်များများနိုင်ငံခြားသူတွေနဲ့သူပတ်သတ်ဖူးတယ်
ဒီလိုမျိုးတော့ နားလည်ရခက်တဲ့အပြုအမူမျိုးကိုမမြင်ဖူးဘူး
လက်ထဲမှာ Charlotte ပေးတဲ့နာရီကို အကြိမ်ကြိမ်ကြည့်နေခဲ့တယ်
နာရီကျောမှာ သူနားမလည်တဲ့ အီဂျစ်စကားလုံးတွေနဲ့ရေးထားတယ်
နောက်ပြီမျက်နှာပြင်မှာဘာနာရီလက်တံမှမပါ
ခုနှစ်တစ်ခုသာပါတဲ့ နာရီလက်တံကို သူစိတ်ပေါက်ပေါက်နဲ့ ၂၀၀၉ ခုနှစ်ကိုရွှေ့ထားခဲ့လိုက်သည်

ESTÁS LEYENDO
The Old Me & You
Misterio / Suspensoအတိတ်တွေထဲမှာ သိပ်ချစ်ခဲ့တဲ့တစ်စုံတစ်ယောက်ရှိခဲ့တယ်ဆိုပါတော့ Accident တစ်ခုကြောင့် အချိန်တွေနောက်ပြန်ဆုတ်ပြီးထိုတစ်စုံတစ်ယောက်ဆီကို ပြန်ရောက်သွားတဲ့အခါ ဘယ်လိုနေမလဲ