အခန်း (၇)

2.8K 290 8
                                    


Unicode...

~~~~~

ရှား ကားပေါ်ကနေဆင်းပြီး အရင်ဆုံးကြည့်ခဲ့မိတာ..
ယုယမောင်တို့ သားအမိနေတဲ့ တိုက်ပုလေးပင်ဖြစ်
သည်..။ ရှား.ပြန်လာမယ်ဆိုတာ ယုယမောင်ကို
အသိမပေးခဲ့ဘူး..။ ဖိုးနဲ့ဖွားတို့ ရှားကိုအရမ်းတွေ့ချင်
နေတာကြောင့်..ဖေဖေနဲ့မေမေ ရန်ကုန်ကို လာတဲ့အချိန်တစ်ခါတည်းလိုက်ပြန်ခဲ့သည်..။ ကျောင်းက စာမေးပွဲ
ဖြေပြီးပေမဲ့..ဖေဖေ တက်ခိုင်းတဲ့သင်တန်းတွေဆက်တက်နေရတာ။အခု သင်တန်းပိတ်တဲ့ရက်နဲ့ကြုံလို့
ရှား ဖိုးနဲ့ဖွားတို့ဆီ အလည်လာခဲ့သည်။ ယုယမောင်
ကို အသိမပေးဖို့ ဖွားကိုဖုန်းဆက်ပြီး ပြောခဲ့သည်။
ယုယမောင် ကို ရှား အံ့သြစေချင်လို့ပါ..။
ရှား..အိမ်ထဲဝင်တဲ့ အခါ ထုံးစံအတိုင်း ဖိုးဖိုးရှိမနေဘူး..။ ဖွားတစ်ယောက်သာရှိသည်..။

"မြေး..ရောက်လာပြီလားကွယ်
ပင်ပန်းနေပြီလား.."

"ဖွား..ရေ.."

ဖွား ကို ရှား.ပြေးဖက်ခဲ့သည်..။ ပြီးခဲ့တဲ့လကမှ ဖိုးနဲ့ဖွား
ရန်ကုန်ကို လာခဲ့ကြပေမဲ့..ရှား ဖွားကိုလွမ်းနေခဲ့တာ..။

"ရှား..မြေးလေးကို ဖွား လွမ်းနေတာ.."

"ရှား.လဲ လွမ်းပါတယ်..ဖွားရဲ့.."

ရှား ရဲ့ ပါးတစ်ဖက်ကို ဖွား ကအနမ်းတစ်ချက်ပေး
လာသည်..။

"အမလေး မြေး အဖွားတွေ ကဲနေကြတယ်ပေါ့လေ.."

အနားရောက်လာတဲ့ မေမေ့ ကို ရှား ရယ်ပြကာ

"သမီး ဖွားကိုလွမ်းလို့ပါ မေမေရယ်..
ဒါတောင် ဖိုး ကမရှိဘူး မြင်ချင်ပါတယ်ဆို
တစ်ရက်တလေ အိမ်မှာနေတာမဟုတ်ဘူး
ခြံထဲပဲ သွားနေတာ..ဖိုးလောဘ.လေ..."

"အေး ပါ သမီးရယ်...သမီး ဖိုးဖိုးကိုတွေ့ရမှာပါ."

"အွန်း "

"ကဲ.ကဲ..မြေးလေး
အခုမှရောက်တာဆိုတော့..နားလိုက်ပါအုံး..
ပြီးရင် ဖွားနဲ့အတူ မြေး ဖိုးဖိုးခြံကိုသွားတာပေါ့.."

"ဟုတ်ကဲ့ ဖွား..
အခုမှ မနက် ၁၀ နာရီ ပဲရှိသေးတာ
မြေး ခဏနားလိုက်မယ်လေ
ပြီးရင် ဖိုး ဆီလိုက်သွားမယ်.."

တောင်တန်းတွေရဲ့အလွန်Where stories live. Discover now