Extra...
~~~~~
ညနေခင်းခြံထဲမှာ တစ်ယောက်တည်းလမ်းဆင်း
လျှောက်ရင်း ကောင်းကင်ကိုမော့ကြည့်တဲ့အခါ
မိုးတိမ်တွေမည်းတက်လာပြီး လေပြင်းတစ်ချက်
တိုက်ခတ်လာခဲ့သည်။"မောင်..အိမ်ထဲဝင်နေလေ..
မိုးရွာတော့မှာ.."အပြင်ကိုသွားရန်ကားပေါ်တက်နေကြတဲ့
နန်းရဲ့ အဖေဖက်က အဖိုး ဦးရန်နိုင်နဲ့အဖွား
ဒေါ်မြဆွေကို မောင် တွေ့လိုက်ရတယ်။"ဟုတ်ကဲ့ အဖွား..မောင်..
အိမ်ထဲဝင်မလို့ပါ..""မောင်..သွားနားနေနော်
နေကောင်းတာလဲကြာသေးတာ
မဟုတ်ဘူး..တော်ကြာ..
ရှား. စိတ်ပူနေမယ်နော်..""ဟုတ်ကဲ့ပါ ဒေါ်လေးမြတ်..
အခုပဲ အထဲပြန်ဝင်မလို့ပါ..""အေး..အေး..
ဒေါ်လေး လဲ အဖေနဲ့အမေ ကို
ဆေးခန်းပို့လိုက်ဦးမယ်..""ဟုတ်ကဲ့ဗျ.."
ဒေါ်လေးမြတ် ကားမောင်းထွက်သွားတဲ့အခါ
မောင်..အိမ်ဖက်ကို ပြန်လာခဲ့သည်။
မိုးနည်းနည်းလေးအေးလိုက်တာနဲ့ မောင့် ညာဖက်
ပေါင်တကြောကိုက်ခဲလာပြန်သည်။စတီးလ်ချောင်း
ထည့်ထားရတာဖြစ်လို့ လမ်းလျှောက်ရင်တုတ်
ကောက်လေးဖြင့် လျှောက်နေရဆဲဖြစ်သည်။
အိမ်အပြင်ဖက်မှာလမ်းလျှောက်နေရင်း မိုးအုံ့
လာတာကြောင့် အိမ်ထဲကိုပြန်ဝင်ခဲ့သည်။
စီးထားတဲ့ Snakerလေးကိုချွတ်ဖို့ပြင်လိုက်စဉ်မှာ"မောင်..ငါပြောထားတယ်လေ..
နင့်ခြေထောက်မကောင်းသေးဘူးလို့
အိမ်ထဲဝင်ရင် ဖိနပ်မချွတ်ပါနဲ့ဆိုတာ
နားမထောင်ဘူး..""အင်းပါ..မောင် မေ့သွားလို့ပါ နန်း ရယ်.."
မောင့် အနားကိုပွစိပွစိ ပြောရင်း ရောက်လာတဲ့
နန်း ကို မောင် ပြန်ပြောခဲ့သည်။"လာ..ခုံမှာထိုင်ပါဦး..
မောင့်ကိုပြောစရာရှိလို့..""ဘာပြောမှာလဲ..ပြောလေ.."
"ခုံမှာထိုင်ပါလို့ဆို...
မောင် အကြာကြီးရပ်လို့..မဖြစ်ဘူးလေ..""ထိုင်ပါ့မယ်ကွာ..."
နန်း ဆွဲခေါ်တဲ့နောက်ကို မောင် လိုက်ပါလာခဲ့သည်။
ဧည့်ခန်းအလယ်မှာရှိတဲ့ ဆိုဖာခုံမှာ နန်း.ကမောင့်
ကိုထိုင်စေတယ်။ ပြီးတဲ့အခါ မောင့် ရဲ့ဘေးမှာ
သူမလေး ကပ်ထိုင်နေပြန်တာ။ နန်းရဲ့အညိုရောင်
ဆံပင်တွေကို မောင်တယုတယ ကိုင်တွယ်ရင်း
နားရွက်နားကိုချိတ်ထားခဲ့တယ်။ မောင်နဲ့အတူရှိနေ
ရင် နန်းရဲ့မျက်နှာကို ဆံပင်တွေကွယ်နေတာ လုံးဝ
မကြိုက်။ နန်း မျက်နှာ လှလှလေးကို မောင် ငေး
ကြည့်နေခဲ့သည်။
YOU ARE READING
တောင်တန်းတွေရဲ့အလွန်
Romanceတောင်တန်းတွေရဲ့ အလွန် မှာ မင်းကိုချစ်တဲ့ ချစ်ခြင်းတွေ ရှိတယ်