အခန်း (၆)

2.7K 274 3
                                    

Unicode...

~~~~~

(ယခု...လက်ရှိဖြစ်ပျက်နေသော..)

*********♥♥♥*********

"တီ..တီ..တီ.."

နှလုံးခုန်စက်က အသံတစ်ခုသာကြားရပြီး တစ်ခန်းလုံး
တိတ်ဆိတ်လို့နေသည်..။ အသက်ရှုပိုက်တွေတန်းလန်း၊
လက်မှာအဆက်မ​​ပြတ်ချိတ်ထားတဲ့ Drip ပုလင်း..။
နေ့ညမပြတ်ဖြုတ်ချိန်တောင်မရှိတဲ့ အသက်ရှုဗူးနဲ့အသက်ကိုခပ်မျှင်းမျှင်းလေးသာ ရှုနိုင်တော့တဲ့ သူ..။
တစ်ကိုယ်လုံး မှာလဲ ဒဏ်ရာတွေအပြည့်..။ ဒဏ်ရာမရှိ
တဲ့နေရာရယ်လို့မရှိ..။

မိုက်ရူးရဲတဲ့..မောင်
ဘယ်ကနေရလာတဲ့.. သတ္တိတွေနဲ့အဲ့လောက်ထိလုပ်
သွားရတာလဲ..
ငါ့ကိုယ်ငါလုပ်ပစ်လိုက်မယ်ဆိုတာ..အဲ့လိုကြီးလုပ်သွား
လိမ့်မယ်လို့..ရှား..ထင်မထားခဲ့..။တောင်အောက်ကို
ခုန်ဆင်းသွားတဲ့အချိန်..ရှား.မြင်ခဲ့လို့..မောင့်ကိုတားခဲ့
ပါသေးတယ်..။ ဒါပေမဲ့..မမှီလိုက်ဘူး..။ သူ့ဆီကိုအပြေးသွားတဲ့ အချိန်မှာ ပေပေါင်းအများကြီးနက်တဲ့ ချောက်
ထဲ ထိုးကျသွားပြီ..။ သစ်ပင်မှာချိတ်မိ​​ပြီးကံကောင်းလို့ မောင့်အသက်မသေခဲ့ပေမဲ့..ကျတဲ့အရှိန်နဲ့ရော..သစ်ပင်
ဆူးပင်တွေနဲ့ရိုက်မိတဲ့ အရှိန်နဲ့ လူတစ်ကိုယ်လုံး ဒဏ်ရာ
တွေပြည့်နှက်နေခဲ့တာ..။ တစ်ခုခုနဲ့ ခေါင်းကိုပြင်းပြင်း
ထန်ထန်ထိခိုက်ခဲ့မိလို့. ဦးနှောက်ထဲသွေးယိုစီးမှု ဖြစ်ခဲ့ပြီး အခုဆိုရင် သတိရမလာတော့ပဲ Coma ဝင်နေခဲ့ပြီ..။
ခေါင်းထဲကသွေးခဲကို ခွဲထုတ်နိူင်ခဲ့ပေမဲ့ သတိရမလာ
ခဲ့ဘူး..။ ညာခြေတစ်ဖက်ဆိုရင်လဲ ပေါင်နေရာမှာကျိုး
သွားလို့ စတီလ်းချောင်းထည့်ထားရတယ်..။ ဆရာဝန်
ကပြောတယ် အဲ့လောက်အမြင့်ကြီးကနေ ခုန်ချတာ
တောင် အသက်မသေသွားတာပဲ ကံကောင်းတယ်လို့
ပြောရမယ်တဲ့..။ မောင် ပြုတ်ကျသွားတဲ့ အချိန်တုန်းက
ရှား..မှာ အရူးတစ်ပိုင်း ဖြစ်ခဲ့ရသည်..။ ကယ်ဆယ်ရေးအဖွဲ့တွေ မောင့် ကိုရှာတွေ့တဲ့အချိန်ကဆို ရှားမှာ သွေး
တွေရဲနေတဲ့ မောင့်ကိုကြည့်ပြီး မေ့လဲမတတ်ဖြစ်ခဲ့ရတာ။ မောင် တို့နေတဲ့မြို့ လေးကအခုမှ တိုးတက်ခါစ
ဖြစ်လို့ ဆေးရုံမှာ ပစ္စည်းတွေ မစုံတာကြောင့် ရှား
ဖေဖေရဲ့မိတ်ဆွေရှိတဲ့ နေပြည်တော်က ဆေးရုံကြီးကို
ခေါ်ပြီး ကုသပေးနေရသည်..။Comaဝင်သွားပြီဖြစ်လို့
မောင် အသက်ရှင်ဖို့မသေချာတော့ဘူးလို့လဲ ဆရာဝန်
ကြီးက ရှားနဲ့မောင့်ရဲ့အမေကို ပြောခဲ့တဲ့အချိန်မှာ
နှစ်ယောက်စလုံး စကားပင်မပြောနိုင်ကြတော့ပေ..။

တောင်တန်းတွေရဲ့အလွန်Hikayelerin yaşadığı yer. Şimdi keşfedin