အခန်း (၃)

3.5K 331 4
                                    

Unicode...

~~~~~


"ဖြူး..."

လေယူရာယိမ်းနွဲ့နေတဲ့ မြက်ပင်ရှည်တွေကြားမှာ
ပက်လက်လှန်အိပ်နေပြီး ပြာလွင်နေတဲ့မိုးကောင်း
ကင်ထက်ဆီကို မော့ကြည့်နေတဲ့ လူတစ်ယောက်
ထိုသူအိပ်နေတဲ့ဘေးမှာ ရပ်ထားတဲ့ ခဲပုတ်ရောင်
Mountain Bike လေးတစ်စီး..
တချို့တိမ်စိုင်တွေက အဆုပ်လိုက်ရှိနေပေမဲ့ တချို့တိမ်တွေက ကွဲထွက်ပြီး တိမ်မျှင်အစလေးတွေ
ဖြစ်နေကြတယ်။ ကောင်းကင်ထက်မှာလွှင့်မျှော
နေတဲ့ တိမ်တွေကို ချစ်တယ်။

"ဖြူး.."

"ဟာ ကွာ.."

လေတိုက်နှုန်းမှာ ခုနတစ်ခေါက်ထက်ကြမ်းလာ
တာကြောင့် အိပ်နေတဲ့နေရာကနေအမြန်ထပြီးရပ်
လိုက်သည်။ နွေဦးရာသီဖြစ်တာကြောင့်မြက်ခင်း
တွေကအရင်လိုစိမ်းလန်းမနေပေမဲ့ သူ အိပ်ချင်
နေခဲ့တာ။ ပြာလွင်လွင်ကောင်းကင်ကြီးကို မော့
ကြည့်ချင်ခဲ့တာ။

"ဇိမ်ပျက်လိုက်တာ"

ယုယမောင် တစ်ယောက်ပြောလဲပြော ဘေးမှာရပ်
ထားတဲ့ စက်ဘီးကိုယူပြီး ဒေါက်ကိုဖြုတ်လိုက်သည်။

"ဒီမှာ နေချင်သေးတယ်ဆိုမှပဲကွာ"

ပါးစပ်ကနေရေရွတ်လိုက်ပြီး စက်ဘီးပေါ်ကိုတက်
ခွလိုက်တဲ့ချိန်မှာ..

" 🎻🎼🎼🎼🎼🎻 "

"ဟင်..တယောသံလေး"

ထိုစဥ် မောင့် နားထဲတိုး၀င်လာတဲ့ ဂီတသံလေးတစ်သံ....
မောင် အရမ်းကြိုက်တဲ့ တယောထိုးနေတဲ့ အသံလေး..

"အိုး..တယောသံလေးကသာယာလိုက်တာ.."

ဂီတဖက်မှာ ပါရမီ မပါတဲ့ မောင်တစ်ယောက် ပြောရမယ်ဆိုရင် တယော ဂီတာ စတဲ့ တူရိယာတို့တီး
တတ်မယ်ဆိုတာ ဝေလာဝေး..လေကိုပင်ကောင်း
စွာမချွန်တတ်သည့် လူစားမျိုး ဖြစ်သည်။
စက်ဘီးပေါ်ကနေ တယောသံလေးထွက်လာနေရတဲ့ အရပ်ကို လိုက်ရှာနေခဲ့တယ်။
တောင်ထိပ်ပေါ်ကလာတဲ့အသံဖြစ်နေတာကြောင့်
ယုယမောင် စက်ဘီးကို နင်းတက်လာခဲ့တယ်။
အတက်ဖြစ်နေလို့ စက်ဘီးနင်းရတာတော်တော်မောနေခဲ့သည်။ သိုပေမဲ့ ထိုတယောသံလေးရှိတဲ့နေရာဆီ
ရောက်ချင်စိတ်များနေလို့မမောနိူင်ပဲဖြစ်နေခဲ့သည်။

တောင်တန်းတွေရဲ့အလွန်Donde viven las historias. Descúbrelo ahora