အခန်း (၈)

3K 276 9
                                    

Unicode ...

~~~~~

"မြေး..နောက်ဆို ကျောင်းပိတ်တာနဲ့ ဖိုးတို့ဆီ
ပြန်လာနေနော်..မြေး အဖေ မလာခိုင်းလဲ ပြန်လာရမယ်
ကြားလား.."

"ကြားပါတယ် ဖိုးရဲ့..ရှား ပြန်လာနေပါ့မယ်.."

"ခွန်မိုင် ပြောလဲ ဂရုမစိုက်နဲ့ မြေး..
ဖွားတို့မှာမြေးတစ်ယောက်ပဲရှိတာ..
အခုတောင် မြေးပြန်သွားရင်
ဖွားတို့ပျင်းနေရမှာ ..
တစ်ချိန်လုံးစာတွေချည်း ဖိသင်လို့
ဘယ်ရမှာလဲ နားချိန်တန်နားရမယ်.."

"ပြန်လာမှာပါ ဖွားရယ်..
ရှား ကို ဖေဖေကလဲ
ပြန်လာခိုင်းပါတယ်နော်..
မေမေလဲ ခွင့်ပြုတယ်.."

"ဒါပဲနော်..နောက်တစ်ခေါက်ပြန်လာရင်..
အခုတစ်ခေါက်လို ခဏလေးပဲ..
မနေနဲ့.. ကြားလား.."

"ကြားပါတယ် ဖိုးနဲ့ဖွားရယ်..."

ပစ္စည်းတွေကို အိတ်ထဲပြန်ထည့်​နေရင်း ဘေးကနေ
တတွတ်တွတ်နဲ့ မှာတမ်းခြွေနေကြတဲ့ ဖိုးနဲ့ဖွား တို့
နှစ်ယောက်ရဲ့စကားကို ခေါင်းတညိတ့်ညိတ့်နဲ့ နားထောင်
ခဲ့ရသည်။ ပြီးတော့ ဖေဖေ့ကိုလဲ သူတို့ကသိပ်ကျေနပ်
ကြတာမဟုတ်။ရှားကို မလာခိုင်းလို့ဆိုပြီး ကျောင်းပိတ်
ရင်အနည်းဆုံးတစ်လလောက်လာနေရမယ်လို့ ပြော
နေကြတာ။ ရှားလဲ ဖေဖေ့ကိုမလွန်ဆန်နိုင်လို့ ရန်ကုန်
မှာနေရပေမဲ့..ဖိုးနဲ့ဖွားတို့ရဲ့ နယ်မြို့လေးကိုပိုသတိရ
နေမိတယ်။ နောက်ဆိုရင်ကျောင်းပိတ်တဲ့အချိန်မှာ
တစ်လပြန်လာနေရမယ်လို့ ဖေဖေ့ဆီက ခွင့်ပြုချက်ရ
သွားမှ ဖိုးဖိုးနဲ့ဖွားဖွား ကျေနပ်သွားကြတယ်။ ရှားလဲ
ပျော်မိတာပေါ့။ အခုတစ်ခေါက်လာပြန်ပြီးရင် ကျောင်း
ဆက်တက်ရမယ်။ ​ပြီးရင် တစ်လ ပြန်လာနေရမယ်ဆိုတော့ ရှား ဝမ်းသာမိတာပေါ့။
ရှား ပစ္စည်းတွေ သိမ်းရင်း ယုယမောင်ကိိုသတိရနေမိတယ်။ သူအခုထိ ပြန်မလာသေးဘူး ၊ အလုပ်တွေများ
နေလို့ဖြစ်မှာ။ မနေ့ကလဲ ရှား.ပျင်းတယ်ဆိုလို့ ချိုကြီး တို့မောင်နှမနဲ့အတူ အရင်လို ငါးသွားမျှားခဲ့ကြတယ်။
ရှား. အရင်လိုပဲ တီကောင်တွေရွံတာကြောင့် ယုယမောင်
ပဲ အစာတပ်ပေး၊ငါးဖြုတ်ပေး လုပ်ပေးခဲ့တာ။မရောက်
တာကြာတဲ့ ချောင်းကိုရောက်သွားလို့ အေးချမ်းလိုက်
တာ။ ပျော်လဲပျော်ခဲ့ရတယ်။ အရင်လို ချိုကြီးတို့တဲမှာပဲ
ထမင်းစားဖြစ်ကြတယ်။ ပျော်ခဲ့ရပေမဲ့..အခုတော့
ရန်ကုန်ပြန်ဖို့ ပြင်ဆင်နေရပြီ။ မောင့်ကို မနက်ဖြန်ပြန်
မယ်ပြောထားခဲ့ပေမဲ့ မိုးချုပ်တဲ့အထိ သူ့ အလုပ်ကနေ
ပြန်မလာသေးဘူး။

တောင်တန်းတွေရဲ့အလွန်Où les histoires vivent. Découvrez maintenant