အခန်း (၁၃)

3.3K 308 8
                                    

Chapter-13 ...

~~~~~~

(ယခု..လက်ရှိဖြစ်ပျက်နေသော..ကာလ..)

******♥♥♥******

နန်း ရှေ့မှာ ရပ်နေတဲ့ ချိုကြီးကို စိတ်ထဲကမပါပေမဲ့
ပြုံးပြခဲ့တယ်..။ သူ့ခမျာ..မောင့်ကိုတွေ့ချင်လွန်းလို့
အရောက်လာခဲ့တာ..။ ပြီးတော့ ဘေးမှာ မိန်းကလေး
တစ်ယောက် ပါလာတယ်..။ ချိုကြီး ပြောပြတာတော့
ကွမ်းယာရောင်းတဲ့ ကောင်မလေး တဲ့လေ..။မောင်..
ကိုယ်တိုင် အောင်သွယ်ပေးခဲ့လို့ ချစ်သူတွေ ဖြစ်ခဲ့
ကြတာ သုံးနှစ်ကျော်သွားပြီလို့ ရှားကိုပြောပြသေး​တာ..။ ကောင်မလေးက အလိုက်သိစွာအခန်းဒေါင့်မှာ
ထိုင်နေတယ်..။ မောင် တစ်ခါပြောဖူးတယ်..။
အချစ်ဆိုတာ ရုပ် နာမ် မရှိဘူးတဲ့
ရုပ်ချောမှ..ချစ်ရမယ်ဆိုရင် အဲ့ဒါအချစ်မဟုတ်ဘူးတဲ့
တကယ်တော့ အချစ်က ချစ်နေဖို့ပဲ လိုတာပါတဲ့..
ဘယ်လိုတွေအောင်သွယ်ပေးလိုက်မှန်းမသိ..
ရှားတောင် ချိုကြီးမှာချစ်သူရှိမှန်း မသိခဲ့..။
ရုပ်ဆိုးတဲ့ ချိုကြီး ဘေးမှာ အသားခပ်ဖြူဖြူ နဲ့
ချစ်ဖို့ကောင်းတဲ့ ကောင်မလေးကို ချိုကြီး ချစ်သူလို့
ပြောရင် ဘယ်သူယုံမှာလဲ..။ မောင် စနောက်ဖူးတဲ့
စကားကိုတော့ ရှား မှတ်မိတယ်
ကျီးကန်းဘဲဥချီတယ်ဆိုလား..အခုလိုတွဲလာတာကို
မောင်မြင်ရင် မောင့် သွားတက်လေးပေါ်အောင်
ရယ်နေမှာ..ရှားသိတယ်..။

"ရှား...မောင် နင့်ဆီမလာခင်..
သူ ငါ့ဆီမှာချန်ထားခဲ့တဲ့..တယောလေးတစ်လက်ကို
ယူလာပေးတယ်...နင့်အတွက် သူလက်ဆောင်ပေး
ချင်ခဲ့တာလေ...ဒါပေမဲ့..နင်နဲ့တွေ့တဲ့ရက် က
သူ ယူမသွားဖြစ်ခဲ့ဘူး... မေ့သွားတာလား..
တမင်ချန်ခဲ့တာလား ဆိိုတာ သူပဲ အသိဆုံးဖြစ်မယ်
ထင်တယ်.."

"အင်း..ပေးလာလေ..
ငါကြည့်ချင်တယ်.."

"ရော့..ရှား..."

ချိုကြီး ပခုံးမှာ လွယ်ထားတဲ့ တယောအိတ်ကို ရှား
ထံ ပေးလာသည်။ တယောအိတ်ကို ဖွင့်လိုက်တဲ့အခါ
လိုင်ကာတွေတောက်ပြောင်နေတဲ့..အညိုရောင်
တယောလေးတစ်လက်... တယောအိုးလေးပေါ်မှာ
ကနုတ်ပန်းတွေဖော်ထားပေးတာ။ ကနုတ်ပန်းတွေကို
မောင် ပုံဖော်ထားတယ်ဆိုတာ ဘယ်သူမှမပြောပေမဲ့
ရှား.သိနေတယ်..။
ထို တယောလေးကို ရှား တယုတယနဲ့ ရင်ခွင်ထဲပိုက်
ထားခဲ့သည်။

တောင်တန်းတွေရဲ့အလွန်Où les histoires vivent. Découvrez maintenant