အခန်း (၁)

6.9K 522 7
                                    

Unicode...

~~~~

တောင်ကုန်းထိပ်ရဲ့တစ်နေရာမှာ မျက်နှာချင်းဆိုင်
ရပ်နေတဲ့ လူနှစ်ယောက်..

ပြောရမယ်ဆိုရင်ဖြင့် ထိုလူသားနှစ်ဦး ရပ်နေသည့်
နေရာမှာ တစ်ပင်လုံးရဲရဲနီအောင်ပွင့်နေတဲ့ လက်ပံ
ပင်ကြီးအောက်မှာဖြစ်သည်။

တောင်လေတဖြူးဖြူးတိုက်ခတ်လာတာကြောင့်
လေထဲကနေကြွေကျလာတဲ့ လက်ပံပွင့် နီနီလေး
တွေကို မြက်ခင်းပေါ်မှာ လှပစွာတည်ရှိနေပေမဲ့
ထိုလူသားနှစ်ယောက်ကတော့ လက်ပံပွင့်တွေဆီ
ကိုအာရုံမရောက်နိူင်ကြပေ။

"မဟုတ်ပါဘူးလို့ ငါပြောနေပြီလေ
နင် ..ငါ့ကို... နင့်စိတ်ကြိုက်ရိုက်ပါ
လုပ်ပစ်လိုက်စမ်းပါဟာ..."

"ငါ့ကိုနင်ပြန်မအော်နဲ့ ..ယုယမောင်"

"နင်မလုပ်ရင် ငါ့ကိုယ်ငါလုပ်ပစ်မှာနော်"

"ရတယ်လေ ပြောလို့မှမရတော့ရင်
နင်လုပ်ချင်တာ ..လုပ်လိုက်ပါ
ငါလဲ ငါလုပ်ချင်တာ လုပ်မယ်"

"နင်... "

"ငါကိုလာမခြိမ်းခြောက်နဲ့ ယုယမောင်"

မက်မက်မောမောနမ်းရှိုက်ဖူးခဲ့တဲ့ နှုတ်ခမ်းကနေထွက်ကျလာတဲ့စကားလုံးတွေက စိမ်းကားစွာ...

"မောင် ..လို့ပြန်မခေါ်တော့ဘူး.. ဟင်"

"တန်လား ..ဟမ်..
မောင်..လို့ပြန်ခေါ်ရအောင်
ငါ့ရဲ့ချစ်ခြင်းတွေနဲ့နင်ကထိုက်တန်ရဲ့လား
ပြောစမ်းပါ ယုယမောင် "

"နန်း..ရယ်"

"မခေါ်နဲ့ ..နန်း..လို့မခေါ်နဲ့
ငါ့နာမည်ကို ပြည့်စုံအောင်ခေါ်ပေးပါ
ရှားကေသီနန်း လို့ ပြင်ခေါ်ပေး"

တဆတ်ဆတ်တုန်ရင်နေတဲ့ နှုတ်ခမ်းကို ပြတ်ထွက်
မတတ်ဖိကိုက်ထားလိုက်သည်။စိမ်းကားတဲ့မျက်၀န်း
တစ်စုံနဲ့ မောင့်.ကိုစိုက်ကြည့်နေတဲ့ နန်း ရဲ့မျက်၀န်း
တွေကို မျက်တောင်မခတ် ပြန်လည်စိုက်ကြည့်ကာ
လည်ချောင်း၀မှာတစ်ဆို့နေတဲ့ စကားလုံးတွေကိုအားယူပြီး တစ်လုံးချင်းပြောချလိုက်သည်။

"နင့် ရဲ့ချစ်ခြင်းတွေ ပြန်မရနိုင်တော့တဲ့
ဘ၀မှာ ငါမနေတော့ဘူး နန်း.."

တောင်တန်းတွေရဲ့အလွန်Où les histoires vivent. Découvrez maintenant