နွေရာသီပန်းလေးတွေ လမ်းတစ်လျှောက်မှာ လန်းဆန်းစွာ ပွင့်ဖူးနေကြတယ်။
သူတော့ ဒီအဝါရောင် ပန်းခင်းကြီးအလယ်ကနေ စက်ဘီးကလေးစီးပြီး ဖြတ်သန်းလာရတိုင်း ခံစားချက်တွေဟာ သိပ်ကို စိတ်ကူးယဉ်ဆန်လွန်းရတာပဲ။
သူတို့ရဲ့ ဒီနေရာလေးက နွေရာသီမှာဆိုသိပ်ကိုလှပလွန်းတဲ့ နတ်ဗိမာန်ပမာ တူလွန်းလှသည်လေ။
"လွန်းတည်ရေ... ပန်းစည်းတွေက နောက်တနေရာ ထပ်သွားပို့ပေးဖို့ ရှိသေးတယ်နော်။ ဒါလေးသွားပို့ပြီးရင်တော့ အိမ်တန်းပြန်လို့ရပြီ။ ငါလည်း အခုပဲ ဆိုင်ပိတ်ပြီး ငါ့သူငယ်ချင်းကို သွားကြိုတော့မှာ"
"ဟုတ်...မမ"
လွန်းတည်က သူအမ သွန်းမြတ်ချယ်ကို ပြန်ထူးလိုက်ပြီး ပန်းစည်းကလေး စက်ဘီးအရှေ့ချင်းထဲထည့်လိုက်ကာပဲ ထို့နောက်တော့ စက်ဘီးခြေနင်းလေးကိုနင်း၍ စောနက ဖြတ်လာခဲ့သည့် ပန်းခင်းလမ်းလေးဆီသို့ တဖန်ဖြတ်သွားတော့ချေသည်။
အဝါရောင်ပန်းခင်းတွေကြားက လမ်းမထက်မှာတော့ အဖြူရောင်ဂါဝန်လေး တလွင့်လွင့်နှင့် ရွှေအိုရောင်ဆံပင်ကိုကျစ်ဆံမြီးလေးနှစ်ဖက်ချည်ထားလေသည့် ကောင်မလေးဟာ သီချင်းသံတိုးတိုးလေးဆိုငြီးလာရင်းနဲ့ပဲ စက်ဘီးလေး စီးနင်းလာနေခဲ့သည်။
ထိုသူမရဲ့ပကတိအပြုံးတွေဟာ နေဝင်ဆည်းဆာနှင့်အပြိုင်ကိုပဲ သိပ်ကို လှပလွန်းနေခဲ့ပါသည်။
သူမဟာ ငယ်ရွယ်သည်။ လှပသည်။ ထက်မြက်သည်။ သူမနာမည်က လွန်းတည်ကြည်တဲ့ ဆိုပေမယ့် သူမကို အိမ်ကလူတွေကတော့ လွန်းတည်လို့ ခေါ်ကြသည်။ သူမရဲ့ ချစ်သူကောင်လေးကတော့ သူမကို လွန်း တဲ့လေ။
"ဟေ့! စောင့်နေရတာ ကြာပြီလား"
စမ်းချောင်းနံဘေးမှာ ရပ်စောင့်နေသည့် ဟန်ရောရွန်းတစ်ယောက် သူ့ဘေးနားရောက်လာသော လွန်းတည်ကြည်ကို ပြန်ပြုံးပြရင်းပဲ ခေါင်းရမ်းပြလိုက်သည်။
"မကြာပါဘူး လွန်းရဲ့။ ဘယ်လိုလဲ ပန်းတွေကအကုန်ပို့ ပြီးလို့သွားပြီပေါ့ ဟုတ်လား"
လွန်းရဲ့နီဆွေးဆွေးပါးလေးကို ချစ်စနိုးလေး ဆွဲကာ မေးလိုက်တာကြောင့် နဂိုနီသွေးနေသည့်ပါးလေးဟာ ပိုလို့နီမြန်းသွားခဲ့သည်။ လွန်းကသိပ်ကိုပဲ ချစ်ဖို့ကောင်းလွန်းနေပါသည်။
YOU ARE READING
နွံမှာကျွံတဲ့အသည်း / ႏြံမွာကြၽံတဲ့အသည္း