နံနက်ခင်း လင်းရောင်ခြည်တို့ အခန်းတွင်း ထိုးဖောက်ဝင်ရောက်လေပြီ။ လေပြည်ငြင်းများက ပန်းခင်းထားသည့်ခြံဝန်းထဲမှ ဖြတ်သန်းလာရသည့်အလျောက် သင်းပျံ့ထုံသင်းတဲ့ ပန်းရနံ့တို့အား သယ်ဆောင်လာခဲ့၏။ မွှေးရနံ့တို့ဖြင့် လန်းဆန်းတက်ကြွစွာ နိုးထရသော မနက်ခင်းတိုင်းက ကြည်နူးဖွယ်အတိပင် ဖြစ်ရပါသည်။
လွန်းတည်ကြည်တို့ မျက်လုံးလေးမဖွင့်ခင် ရှူရှိုက်လိုက်မိသည့် လေထုကြောင့် မျက်နှာထက်မှာ ချိုသာတဲ့ အပြုံးလေးတစ်ပွင့် ဆင်မြန်းသွားခဲ့သည်။
စိတ်ထဲကြည်နူးနေပေမယ့် တခုခုကတော့ မတင်မကျကြီးဖြစ်နေသည်။။ ဘာပါလိမ့်...
အ!
ရုတ်တရက်ကြီး မနေ့ကအဖြစ်တွေကို ပြန်သတိရမိတော့ လွန်းတည်တို့ ချက်ချင်းပင် မျက်လုံးအစုံပြူးကျယ်သွားပြီး သူ့ရဲ့ဘေးဆီကို အမြန်ကြည့်လိုက်မိသည်။
သူ့ဘေးနားအိပ်ရာခင်းတို့က ပြန့်လျှက်သားဖြစ်နေတာ တွေ့လိုက်ရတော့မှ စိတ်တို့ပြန်လျှော့သွားရတော့သည်။
'ဟူး~~~သူ မနက်စောစောစီးစီး စိတ်တိုစရာ မလိုတော့ဘူးပဲ'
လွန်းတည်ကြည်တို့ အိပ်ရာက ထကာ စောင်ကလေးခေါက်ပြီးနောက် အိပ်ရာခင်းကို သေသေချာချာ ပြန်ဖြန့်လိုက်သည်။
ထိုချိန် ကျွီခနဲမြည်သံကြောင့် လှည့်ကြည့်မိချိန် ရေချိုးခန်းထဲမှ ထွက်လာသည့် အကြင်နာအိမ်ကို တွေ့လိုက်ရတော့သည်။
အကြင်နာအိမ်က တဘက်ကလေးပတ်ပြီး ရေချိုးခန်းထဲမှ ထွက်လာသည်လေ။
ဒုတ်ဒုတ်! ဒုတ်ဒုတ်! ဒုတ်ဒုတ်!
ရုတ်တရက်ကြီး လွန်တည်ကြည်တို့ အလန့်တကြား ဖြစ်သွားသည်။
"ဟိုင်း... တည်ကြည် နိုးပြီလား"
အကြင်နာအိမ်က သူ့အား နှုတ်ဆက်စကားဆိုလိုက်သည်ကိုပင် အာရုံမထားနိုင်တော့။
"ဟေ့ တည်ကြည်" မျက်နှာရှေ့ လက်ဖျောက်တချက်တီးပြီး နာမည်ကိုထပ်ပြန်ခေါ်လိုက်တော့မှ ပြန်အသိဝင်သွားခဲ့သည်။
YOU ARE READING
နွံမှာကျွံတဲ့အသည်း / ႏြံမွာကြၽံတဲ့အသည္း