နောက်ဆုံးတော့ သူတို့တွေ တစ်နေ့လုံးပြင်ဆင်လာခဲ့သည့် လွန်းတည်ကြည်၏မွေးနေ့ပွဲ ညနေခင်းလေးက ရောက်လို့လာခဲ့ပြီ။
ဒီနေ့က လွန်းတည်ကြည်ရဲ့ မွေးနေ့ကော မွေးရက်ပါဆုံတဲ့ မွေးနေ့ကလေးဖြစ်တာကြောင့်ပဲ ဒီနေ့မွေးနေ့ပွဲကို သူငယ်ချင်းများနှင့် လူစုံတက်စုံဖိတ်၍ ကျင်းပဖြစ်ခဲ့သည်လေ။
"ခဏလောက် ဒီကိုလာပေးပါလား ရောရွန်း"
ပွဲတစ်နေရာမှ လွန်းတည်ကြည်က လှမ်းခေါ်လိုက်တော့ ပွဲစီစဉ်ရင်း အလုပ်ရှုပ်နေသည့် ဟန်ရောရွန်းတို့ အမြန်ပဲ လက်ထဲက ဗန်းတွေချကာ သူ့ချစ်သူရှိနေသည့်နေရာသို့ ပြေးလာခဲ့သည်။
"ခေါ်... လိုက်တာလား လွန်း"
"အင်း ဟုတ်တယ် ဒီမှာ မေမေနဲ့ မိတ်ဆက်ပေးမလို့"
မေမေနဲ့မိတ်ဆက်ပေးမယ်ဆိုလိုက်မှ ဟန်ရောရွန်းတို့ ပျာသွားသည်။
"မေမေ သူက ဟန်ရောရွန်းတဲ့။ သမီးရဲ့ကောင်လေး"
ဟန်ရောရွန်းမှာ အူကြောင်ကြောင်လေးနဲ့...
"ဟုတ်... ဟုတ်ကဲ့ ဟန်ရောရွန်းပါ အန်တီ။ တွေ့ရတာဝမ်းသာပါတယ်"
အထစ်ထစ်အငေါ့ငေါ့နဲ့သာ ကိုယ့်ကိုမိတ်ဆက်လိုက်နိုင်သည်။ ဗြုန်းဆိုင်ကြီးမို့ ဘာမှလည်းမပြင်ဆင်ထားရသေးတာကို အခုလိုကြီး ချက်ချင်းကြီး မိတ်ဆက်ပေးလာတော့ ဒုက္ခတွေ့သွားသည်လေ။
"အေးပါကွယ်... အန်တီက တည်ကြည်လေးရဲ့ကောင်လေးက ဘယ်လိုပုံစံများလဲ သိချင်လို့ တည်ကြည့်ကို လှမ်းခေါ်ခိုင်းလိုက်တာ။ ဘာမှစိတ်ထဲမထားနဲ့နော် သိလား သား"
"ဟုတ်...ဟုတ်ကဲ့ပါ အန်တီ"
စိတ်ထဲမထားနဲ့လိုသာပြောတာ ဟန်ရောရွန်းတို့တော့ ခြေထောက်တွေပါ ချောင်လာသလိုပဲ။ သူ့ရဲ့ အနာဂါတ် ယောက္ခမကြီးရှေ့မှာ ဘယ်လိုအမှားမျိုးလုပ်မိသွားမလဲလို့ စိုးရိမ်မကင်းဖြစ်တာ နားထင်ဘေးနားက ချွေးစေးတွေပါ ပြန်လာရတော့၏။
"ကဲပါ လွန်းတည်ရယ် သားဟန်ရောရွန်းကို ကြည့်ရတာ အဆင်မပြေဘူးနဲ့တူပါတယ်။ ကဲကဲ...သူ့ကိုခေါ်ပြီးတော့ တခြားနေရာကိုသာ သွားလိုက်တော့"
YOU ARE READING
နွံမှာကျွံတဲ့အသည်း / ႏြံမွာကြၽံတဲ့အသည္း