"ဒန် ဒန့် ဒန်"
အမကြီး အကြင်နာအိမ်က သူ့ကိုပြစရာရှိတယ်ဆိုကာ ရိုးရိုးတန်းတန်းခေါ်လာတာတောင်မဟုတ် အိမ်ရှေ့ထိမျက်စိအုပ်ပြီးခေါ်လာခဲ့ပြီးမှ လှပ်ပြလာခဲ့သည်က စက်ဘီးအသစ်တစ်စီးသာတဲ့လေ။
"ဟက်! ဘာတွေများ အဲ့လောက်ထိဆန်းကြယ်သွားလို့လဲ"
လွန်းတည်ကြည်က စသလိုလိုနဲ့ ခနဲ့ပြီးပြောလိုက်တော့ အကြင်နာအိမ်တို့ ချက်ချင်းကြီးကို စိတ်အားထက်သန်နေရာကနေ စိတ်မကောင်းသွားသည့်နှယ်ပင်..."ဟွန့် တည်ကြည်က စကားဆိုအကောင်းကိုမပြောဘူးပဲ။ ငါ့မှာတော့ စက်ဘီးတစ်စီးလိုချင်လို့ဆိုပြီး တည်ကြည့်အမကို အကူညီတောင်းလိုက်ရတာ။ ကံကောင်းပြီး သူ့သူငယ်ချင်းစီက ဌားလို့ရလာခဲ့တာကို"
"အယ် အဲ့စက်ဘီးဌားထားတာက ဘာတွေးများအဲ့လောက်အရေးကြီးသွားလို့လဲ အမကြီးရဲ့"
"အရေးကြီးတာပေါ့ တည်ကြည်ရဲ့... ဒီလိုဆို တည်ကြည်က ငါ့ကို နောက်ထပ်စက်ဘီးပေါ်တင်ပြီး နင်းသွားစရာ မလိုတော့ဘူးလေ။ အခုဆို အပြင်သွားရင် စက်ဘီးတစ်ယောက်တစ်စီးစီ သွားလို့ရပြီ မဟုတ်ဘူးလား။ အဲ့တာမကောင်းဘူးလား"
လုံးဝ ကလေးကြနေတာပဲ။ သူအခုအူမြူးနေရတဲ့အကြောင်ရင်းက သူ့မှာစက်ဘီးရှိသွားလို့တဲ့လေ။ အဲ့တာသာ ကြည့်လိုက်တော့။ အမကြီးကလေ အိပ်ယာပေါ်မှာသာ pro ဖြစ်သလောက် တချို့နေရာတွေမှာတော့ သူ့ထပ်တောင်မှ ကလေးဆန်လိုက်ပါဘိလေ။ နေဦး... ဒီကလေးဆိုးကြီးကို သူ အနိုင်ပြန်ကျင့်ပြဦးမယ်။
"အာ...ဟုတ်သား အမကြီး"
လွန်းတည်ကြည်တို့ ချက်ချင်းကြီးကိုပဲ သဘောပေါက်သွားသည့်နှယ် လက်ဖဝါးလေးပေါ် လက်သီးစုပ်လေးနဲ့ ထုလိုက်သည်။"ဒါဆို အမကြီးရဲ့လေးလေးပင်ပင်ခန္ဓာကိုယ်ကြီးကို တင်နင်းစရာမလိုတော့ဘူးပေါ့ ဟုတ်တယ်မလား။ ကောင်းလိုက်တာ အမကြီးရယ်။ ဒီတစ်ခေါက်တော့ အမကြီး တကယ်တော်သွားပြီ သိလား"
အကြင်နာအိမ်ရဲ့ ပခုံးလေးကိုပုတ်ပုတ်ပြီးတော့ပင် အူလှိုက်သဲလှိုက်နဲ့ကို ပြောနေပါသည့် လွန်းတည်ကြည်ရဲ့ စကားတွေကြောင့် အကြင်နာအိမ်တို့တော့ တဖြည်းဖြည်း မဲ့ရွဲ့လာခဲ့ပြီလေ။
YOU ARE READING
နွံမှာကျွံတဲ့အသည်း / ႏြံမွာကြၽံတဲ့အသည္း