အချိန်ကား ညသန်းခေါင်ယံကို ရောက်လို့နေပြီ။ အပြင်၌ မိုးများက ရုတ်တရက်ကြီး သည်းထန်စွာနဲ့ ရွာသွန်းလာခဲ့သည်။
အခန်းထဲက ခုတင်ပေါ် မှာတော့ မာန်တင်းပြီးထိုင်နေသည့် မိန်းကလေးတစ်ဦးရယ် သူ့အရှေ့၌ တရှုံ့ရှုံ့နဲ့ငိုကြွေးနေသည့် မိန်ကလေးတစ်ဦးတို့ရယ် ရှိနေခဲ့ကြသည်။
အတန်ကြာသည်ထိကို အကြင်နာအိမ်ဖက်က ဘာမှလည်းမလုပ် ဘာစကားတစ်ခွန်းမှလည်းမပြောဘဲ ငြိမ်သက်လျက်သားရှိနေခဲ့ပြီးမှ စကားသံထွက်လာခဲ့သည်။
"ငါနဲ့ ဘာဖြစ်လို့ sex လုပ်ချင်ရတာလဲ"
လေသံကမတိုးမကျယ်နဲ့ ဘေးလူကြားရုံလောက်လေးဆိုပေမယ့် မေးခွန်းကတော့ ဝေ့ဝိုက်မနေတော့ဘဲကို တည့်တိုးကြီး မေ့ချလိုက်တာပင်။
လွန်းတည်ကြည်တို့ မျက်ရည်တွေစိမ့်ထွက်နေတာကို ခိုးသုတ်နေရာမှပင် စွေခနဲမော့ကြည့်မိသွားတော့သည်။
"ငါ..."
ဆိုပြီး ဆက်ပြောမလိုလို ပြင်လိုက်ပြီးမှ စကားသံက ပြန်တိတ်သွားခဲ့သည်။ အခန်းထဲ၌ အပြင်တွင်ရွာသွန်းနေသည့် မိုးခြိမ်းသံတွေကလွဲ ဘာအသံမှထပ်မကြားရတော့ပေ။
အကြင်နာအိမ်ဖက်က ဘာဆက်ပြောလာမလဲစောင့်နေသည့် လွန်းတည်ကြည်တို့ တဖြည်းဖြည်း မွန်းကြပ်လာရတော့သည်။
ကျစ် ဒီအမကြီး! အခုလူကိုနောက်ကျောကြီးပေးပြီး အိပ်သွားတာလား။ အမ်!!! ဒါ ဘာသဘောလဲ။ သူပဲအရင် လူကို မသိချင်ချင်အောင်လာဆွပြီး အခုမှ...
"ငါ..."
ဝုန်း!
တကယ်အိပ်သွားပြီထင်ပြီး အနောက်ကနေတွတ်ထိုးနေရာမှ အကြင်နာအိမ်ဖက်က အသံလည်းပြန်ထွက်လာရော လွန်တည်ကြည်တို့ အမြန်ပဲ စောင်ကိုခေါင်းထိဆွဲခြုံပြီး ပုန်းလိုက်မိသည်လေ။
ဟက်! ဘယ်လိုတောင် ရူးကြောင်ကြောင်နိုင်နေတာလဲ။
ဒီလိုပဲ သူဟာ အမကြီးအကြင်နာအိမ်နဲ့ ပတ်သက်ရင် တချက်တချက်ကြ ထိုသို့လည်းအသိစိတ်လွတ်သွားတတ်သေးသည်။
"ငါတည်ကြည်ပြောတဲ့ စကားကို တကယ်နားမလည်ဘူး။ sex လုပ်ချင်တယ်ဆိုတာ ငါ့ကို ချစ်နေလို့တော့မဟုတ်ဘူးမလား"
YOU ARE READING
နွံမှာကျွံတဲ့အသည်း / ႏြံမွာကြၽံတဲ့အသည္း