မနေ့ညက ညတွင်းချင်း သွန်းမြတ်ချယ်တို့ အိမ်ပေါ်က ဆင်းလာကာ နီးစပ်ရာဟိုတယ်တစ်ခု၌ ဝင်တည်းဖြစ်ခဲ့သည်။ ညက နက်နေပြီမလို့ သူအိမ်က ဆင်းလာခဲ့သည်ဆိုတာကိုတော့ တည်ကြည်ရယ်၊ လှေကားထစ်အောက်နားမှာ တွေ့လိုက်ရတဲ့ သွန်းမြတ်ချယ်ကလွဲလို့ ဘယ်သူမှမသိလောက်ပါဘူးလေ။ ကြီးကြီးကို သွန်းမြတ်ကပဲ ကြည့်ကြပ်ပြီး ပြောပေးထားလောက်မှာပါ။
အကြင်နာအိမ်တို့ စောင်ကို မျက်နှာနားလေးထိ ပြန်ဆွဲတင်လိုက်တော့သည်။ အတွေးတွေက လူမနိုးခင်သေးကပင် အတွေးပေါင်းစုံကို ဖြန့်ကျက်ပြီးသွားပြီဖြစ်ပေမယ့် မျက်လုံးများကတော့ ပွင့်လို့မလာသေးပေ။
ဒေါက်! ဒေါက်!
သူ့ရဲ့ အခန်းတံခါးခေါက်သံကို ပြပြလေးကြားနေရသည်။ ဘယ်သူလဲ တည်ကြည်များလား။
တည်ကြည်! တည်ကြည်! တည်ကြည်!!!
အကြင်နာအိမ်တို့ လွန်းတည်ကြည်ရဲ့ နာမည်လေးကို ယောင်ညည်းပြီး နိုးထသွားမိပြီလေ။
ဒေါက်!ဒေါက်!ဒေါက်!
ဒီတစ်ခါ တံခါးခေါက်သည့်အသံကတော့ တကယ့် အပြင်ကလာနေတာပဲ။ အကြင်နာအိမ်တို့ စောင်ခြုံထဲက ထွက်ကာ ဟိုတယ်အခန်းတံခါးလေးကို သွားဖွင့်ပေးလိုက်တော့သည်။
"ဟိုင်း အကြင်နာ... suprise!!! "
မြင့်မြင့်မားမား အရပ်၊ ဆံပင်ကိုအပေါ်လှန်တင်ထားပြီး မျက်ခုံးထူးထူးလေးအောက်က စူးရှနေသည့်မျက်ဝန်းတစ်စုံရယ်၊ နှာတံချွန်ချွန်းလေးအောက်က နီနီရဲရဲ နှုတ်ခမ်းပါးလေးတွေက သူဖြစ်နေကြောင်းကို သိသာစေနေပြီလေ။
အကြင်နာအိမ်တော့ သူ့ရှေ့မှာပေါ်လာခဲ့သည့် ထိုယောက်ျားသားကြောင့် ကတုန်ကယင်ဖြစ်သွားရတော့သည်။
မင်းမြတ်မဟာ တဖြစ်လည်း သူ၏ယောက်ျား ကိုလေးက မနက်စောစောစီးစီးမှာပဲ သူဌားတည်းနေသည့် ဟိုတယ်အခန်းရှေ့ ဖွားခနဲ ပေါ်လာသည်တဲ့။
"လွမ်းနေခဲ့တာ အကြင်နာရယ်။ ဒီတခေါက် အကြင်နာ...ကိုယ့်ကိုစိတ်ကောက်သွား အရမ်းကြာတာပဲ။ ကိုယ့်မှာ အကြင်နာ့ကို လွမ်းရတာ မခံနိုင်တော့လို့ ကိုယ်ကပဲလိုက်ပြန်ခေါ်ရတော့တာပေါ့။ အကြင်နာကရော ကိုယ့်ကို မလွမ်းဘူးလားဟင်"
YOU ARE READING
နွံမှာကျွံတဲ့အသည်း / ႏြံမွာကြၽံတဲ့အသည္း