သူချိန်းတာကိုတ မအားသေးလို့ မလာနိုင်တော့ဘူးဆိုပြီး လုပ်နေသည့် ဟန်ရောရွန်းကို "ရောရွန်းသာ မလာရင် လွန်းလည်းမပြန်ဘူးကွာ"ဟု ခြိမ်းခြောက်လိုက်မှပဲ ထွက်လာဖို့ ပြောနိုင်ခဲ့လိုက်သည်။
ဒီတခေါက် ဟန်ရောရွန်းစိတ်ဆိုးသည့်အခြေအနေက နည်းနည်းပြင်းထန်သည်မလို့ သူ့မှာလည်း မရမနဲ့ကို လိုက်ချော့ရတော့တာပါပဲ။
ရည်းစားဖြစ်သည့် ကာလတလျှောက်လုံးမှာ ဟန်ရောရွန်းဖက်က စိတ်ကောက်ဖူးတာဆိုလို့ တစ်ခါလားပဲရှိဖူးသည်။ ဒါနဲ့ပါဆို နှစ်ခေါက်မြောက်ပေါ့။ တော်ရုံ စိတ်မဆိုးတတ်ပေမယ့် စိတ်ဆိုးသွားရင်လည်း မချော့ဘဲနဲ့တော့ လွယ်လွယ်နဲ့စိတ်ပြန်မပြေတတ်ပေ။ အဲ့တာကြောင့်လည်း ဒီနေ့တော့ ဟန်ရောရွန်းနဲ့တွေ့ဖို့ရာ ချိန်းဆိုလိုက်ရသည်။ လွန်ခဲ့တဲ့ရက်တွေမှာတော့ သူ့မှာလည်းသူ့ပြဿနာနဲ့မို့ လာမချော့အားခဲ့ဘူး။
ဟန်းရောရွန်းတို့ ချိန်းဆိုထားသည့် cafe လေးကို ရောက်လာခဲ့ပြီ။ သို့သော်ငြား ဆိုင်ထဲဝင်လာကတည်းကပင် လွန်းတည်ကြည်တို့နဲ့ မျက်လုံးချင်းဆုံမကြည့်ဘဲ အကြည့်တွေရှောင်တိမ်းနေခဲ့သည်။
"အရမ်း အလုပ်များနေတာလား ရောရွန်း"
လွန်းတည်ကြည်က မေးလိုက်တော့
"အ...အင်း ဟုတ်တယ် များနေတာ" ဆိုပြီး မရေမရာနဲ့သာ ပြန်ဖြေလာသည်။"ဟုတ်လား ဒါဆိုလည်း လွန်းဖက်က ပြောစရာရှိတာကို မြန်မြန်ပြောပြီး ပြန်ရမှာပေါ့နော်"
"တကူးတကကြီး လွန်းက ဘာပြောစရာရှိလို့လဲ"
"ဟိုတနေ့ကကိစ္စပါ။ လွန်းမွေးနေ့တုန်းက ရောရွန်းအပေါ်မှာ လွန်းအမှားလုပ်မိသွားတာအတွက် တောင်းပန်ချင်လို့ပါ။ ရောရွန်းက အဲ့ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ခုသွားမှန်း လွန်းသိပါတယ်။ တောင်းပန်ပါတယ်နော် ရောရွန်း"
"ဘာတွေပြောနေတာလဲ လွန်းရယ်။ ကိုယ် ဘာမှစိတ်မခုပါဘူး။ ဘယ်သူက ခုတယ်ပြောလို့လဲ"
"Okလေ လွန်းလည်း တောင်းပန်စရာရှိတာ တောင်းပန်ပြီးသွားပြီ။ ကျန်တာကတော့ ရောရွန်းသဘောပါ။ ရောရွန်းက အလုပ်များနေမယ်ထင်တယ် လွန်း နှောက်မယှက်တော့ပါဘူးနော်"
YOU ARE READING
နွံမှာကျွံတဲ့အသည်း / ႏြံမွာကြၽံတဲ့အသည္း