{For zawgyi}
ကိုယ် သူမနေထိုင်ရာအဆောက်အအုံအောက်ရောက်တာနဲ့
ဆိုင်ကယ်ကိုကပျာကယာရပ်ရင်းအပေါ်ကိုပြေးတက်သွားလိုက်သည် သူမအခန်းရှေ့ရောက်တော့
် ဘဲလ်တီးပေမယ့် အတော်ကြာသည်ထိမထူးခြားလာတာကြောင့်
တံခါးကိုပွင့်လို့ပွင့်ငြားဖွင့်ကြည့်လိုက်တော့
လော့မချထား...ကိုယ်လဲအမြန်ဝင်သွားလိုက်ပြီး
သူမကိုရှာမိတော့ အိပ်ခန်းထဲမှာ ဒူးလေးကွေးကာ
ခွေခွေလေးအိပ်နေတဲ့သူမက ဗိုက်ကိုဖိနှိပ်ထားပြီး
နာကျင်မှုကိုအံတုနိုင်ရန် နှုတ်ခမ်းကိုကိုက်ထားသည်
ချွေးတွေဖြင့်ရွှဲနစ်နေတဲ့ သူမကိုယ်လုံးလေးကို
ကိုယ်ဆွဲထူလိုက်ရင်း..."ဆေးရုံသွားကြရအောင်ခနပဲတောင့်ထားနော်"
သူမကိုပွေ့ချီကာပြောတော့ နာကျင်နေတဲ့ကြားမှသူမကဖွဖွပြုံးပြသည်
သူမကိုကားထဲထည့်လိုက်ပြီးအဆင်ပြေအောင်
နေရာချပေးကာ ကိုယ်ကတော့မောင်းသူနေရာမှာ
အမြန်ထိုင်လိုက်ပြီး နီးစပ်ရာဆေးရုံဆီသို့...
သူမကိုစိုးရိမ်စိတ်တွေနှင့်ကြည့်ပြီး အားတင်းထားရန်သာပြောနေမိသည်
အခုချိန်မှာ ကိုယ့်ရဲ့စိုးရိမ်စိတ်တွေကသိပ်ကိုလွန်ကဲနေတာ
သိသာနေသည်...
ဆေးရုံရောက်လို့ သူမကိုစမ်းသပ်တော့"ဒီနားလေးကဘလိုနေလဲ"
ဗိုက်အောက်ဘက်နားလေးကိုလက်နဲ့ဖိရင်း
doctor ကပြောသည်"နာတယ် doctor"
သူမကရှုံ့မဲ့နေတဲ့မျက်နှာနှင့်ပြောသည်
"ဒီနားလေးရော"
"အား...အရမ်းနာတယ် doctor"
"အူအတက်ပေါက်တာပဲ ချက်ချင်းခွဲစိတ်မှဖြစ်မယ် လူနာရှင်သဘောတူပါလား"
ကိုယ့်ဘက်ကိုလှည့်ကြည့်ပြီးမေးလာတော့
ယောင်အအဖြင့်ခေါင်းညိတ်မိသည်
အဖြေရတာနဲ့ nurse တွေဘက်လှည့်ကာ"ဆရာမ လူနာကိုခွဲစိတ်ဖို့အမြန်ဆုံးပြင်ဆင်ပါ"
ထို့နောက်သူမကိုခွဲစိတ်ရန်ပြင်ဆင်ကြသည်
ခွဲခန်းထဲဝင်သွားတဲ့သူမကို ကိုယ်အပြင်မှာ
ရင်မောစွာနဲ့ပဲစောင့်နေရသည်
ခနကြာတော့ nurse တစ်ယောက်ထွက်လာပြီး
YOU ARE READING
Image of Heart ❣(Season 1)
Fanfiction{Zawgyi +unicode} အချစ်ဦးကိုမြေးဦးရတဲ့ထိမမေ့သလို အချစ်ဆုံးကိုလဲအဆုံးရှုံးမခံနိုင်ဘူး.... between first love and last love 🤞 အချစ်ဦးကိုမြေးဦးရတဲ့ထိမမေ့သလို အချစ်ဆုံးကိုလဲအဆုံးရှုံးမခံနိုင်ဘူး.... between first love and last love 🤞