ပုံရိပ် ၂၂

2K 212 5
                                    

{For zawgyi}

ကိုယ် jennie ကိုခြံရှေ့ထိလိုက်ပို့ပြီးသူမကားလေးထွက်သွားတာကို
ကြည့်ရင်းမြင်ကွင်းကပျောက်ကွယ်သွားပြီဆိုမှ
အိမ်ထဲဝင်ရန်ပြန်လှည့်လိုက်သည်...

ကိုယ်ရှေ့မှာ အပြုံးခပ်ဖျော့ဖျော့နဲ့ရပ်နေတဲ့တစ်စုံတစ်ယောက်ကို
ခနတာတော့ငေးကြည့်မိသွားသည်
ပြီးမှ မျက်နှာလွှဲပြီးအိမ်ထဲဝင်ရန်ခြေလှမ်းမိတော့

"Lili..."

သူမခေါ်သံကြောင့်ကိုယ့်ခြေလှမ်းတွေရပ်တန့်သွားသည် ပြန်တော့လှည့်မကြည့်ဖြစ်ခဲ့...

"မနက်ဖြန် ကြရင်ငါ့ရဲ့မွေးနေ့လေ lili မှတ်မိသေးတယ်မလား"

သူမအမေးကြောင့်ကိုယ်မဲ့ခနဲတစ်ချက်ပြုံးလိုက်သည်
သူမနဲ့ပတ်သတ်ပြီး ဘယ်အရာကိုမှမမေ့နိုင်သေးဘူး
ဆိုတာ ကိုယ့်ကိုကိုယ်သာအသိဆုံးဖြစ်သည်
လွန်ခဲ့သောနှစ်တွေထိသူမရဲ့မွေးနေ့မရောက်ခင်
တစ်ပတ်အလိုလောက်ထဲက အခန်းအောင်းပြီး
တစ်ယောက်တည်းရူးခါနေအောင်လွမ်းနေမိတာ
မစားနိုင်မသောက်နိုင်နဲ့အရင်ကသူမနဲ့အတူဖြတ်သန်းခဲ့တဲ့မွေးနေ့ပွဲတွေကိုပဲသတိရနေမိတာ သူမမွေးနေ့ရောက်မှာကိုတောင်သေအောင်ကြောက်နေခဲ့တာ ကိုယ်မရှိနိုင်တဲ့နေရာမှာသူမဘယ်လိုတွေများ
ပျော်ရွှင်နေမလဲဆိုတဲ့အတွေးတွေနဲ့အိပ်မရဖြစ်နေခဲ့တာ သူမသိရင်ကိုယ့်ကိုရီနေမလား....
ဒီနေ့မှာတော့မယုံနိုင်လောက်အောင်တည်ငြိမ်နေခဲ့ပေမယ့် အခုသူမကြောင့် ကိုယ်ရင်တွေကပူလောင်လာရပြန်ပြီ...

"အာ့တာဘာဖြစ်လို့လဲ"

ကိုယ်လျစ်လျူရှုကာပဲပြန်မေးမိတော့သူမရဲ့မျက်နှာက
ညိုးငယ်စွာနဲ့ခေါင်းငုံ့သွားသည်

"မနက်ဖြန်ကိုနင်နဲ့အတူကုန်ဆုံးချင်တယ် ငါ့ဘေးမှာlili ကိုရှိစေချင်တယ် ငါ့ကိုအဖော်ပြုပေးနိုင်တယ်မလား"

သူမကကိုယ်မညင်းဘူးလို့ယုံကြည်နေသလို
စကားကိုပိုင်ပိုင်နိုင်နိုင်ချုပ်ပြောနေသည်

"မရဘူး ငါမနက်ဖြန်အလုပ်ရှိတယ်"

သူမကချက်ချင်းမော့ကြည့်လာပြီး မျက်ဝန်းတွေမှာလဲ
မျက်ရည်တွေရစ်ဝိုင်းနေခဲ့သည်

Image of Heart ❣(Season 1)Onde histórias criam vida. Descubra agora