ပုံရိပ် ၁၇

2.5K 252 36
                                    

{For zawgyi}

Jisoo ခြံထဲကပန်းပင်တွေကို
ရေလောင်းရင်း အတွေးတွေကလဲ
လွှင့်မြောနေသည်...
Lice ကတော့ မနက်အစောကြီးထဲက
ထွက်သွားသည်...

"တီ...တီ..."

ဟွန်းသံကြောင့်ခြံရှေ့ကိုကြည့်မိတော့
ကားတစ်စီးကိုတွေ့ရသည်
ရေပိုက်ကိုအောက်ချပြီး ရေအရင်သွားပိတ်
လိုက်သည်...ပြီးမှခြံတံခါးအနည်းငယ်
ဖွင့်ပြီးထွက်ကြည့်လိုက်သည်
ကားမှန်တွေတင်ထားတာမို့တံခါးကို
လက်နဲ့ခေါက်ကာ မှန်ချခိုင်းသည်
တဖြေးဖြေး ပေါ်လာတဲ့ဘေးတစောင်း
မျက်နှာဖြူဖြူလေးကို အသာစူးစမ်းနေမိသည်
မှန်အကုန်ချပြီးချိန် တပ်ထားတဲ့မျက်မှန်ကို
ချွတ်လိုက်ပြီး ji ဘက်ကိုလှည့်ကြည့်သည်
ရင်းနီးနေတဲ့မျက်နှာကြောင့် ji ပါးစပ်လေး
ဟသွားကာ မျက်ဝန်းတွေကလဲဝိုင်းစက်
ကုန်သည်...နှုတ်ဖျားမှလဲ အာမေဋိတ်
အသံထွက်လာသည်...

"ဟင်...မင်း..."

ထိုသူက ကားထဲကထွက်လာပြီး ji ကို
ဖော်ရွေစွာပြုံးပြသည်...

"မှတ်မိသေးတယ်မလား"

တစ်ဆက်တည်းသူမရဲ့အမေးစကားကို
Ji ခေါင်းသာညိတ်ပြမိသည်

ထိုသူက အိမ်ထဲကိုဝေ့ဝဲကြည့်ရင်း

"Lili ရော unnie"

သူ့နှုတ်ဖျားကထိုနာမ်စားလေးကိုကြားမှ
Ji အသိပြန်ဝင်လာကာ

"အင်း...မနက်အစောကြီးထဲကထွက်သွားတယ်"

"chae ကိုအိမ်ထဲမခေါ်တော့ဘူးလား"

chae အသာရီရင်းပြောမှ ji လဲသတိရပြီး

"အာ...မေ့နေတာ ဝင်လေ သူစိမ်းတွေမှမဟုတ်တာ"

Ji စကားကို သူကအသက်မပါတဲ့အပြုံးတွေ
ဆင်မြန်းပြီးခေါင်းညိတ်ပြသည်
အတူအိမ်ထဲကိုဝင်လာရင်း ဧည့်ခန်းထဲက
ခုံလေးမှာ ထိုင်စေသည်

"ဘာသောက်မလဲ chae အပူလားအအေးလား"

"ရတယ် unnie ကြိုက်တာလုပ်ပါ "

Ji လဲအနောက်ကိုသွားပြီးသူကြိုက်တဲ့
coffe ချိုချိုလေးကိုဖျော်လာခဲ့လိုက်သည်

သူ့ရှေ့ကိုချပေးတော့ သူကတစ်ငုံပြီးပြန်ချသည်...အင်း အရင်ကချစ်ဖို့ကောင်းတဲ့
ကလေးဆန်တဲ့ကောင်မလေးက
အခုတော့ရင့်ကျက်ပြီး ချောမောနေသည်

Image of Heart ❣(Season 1)Onde histórias criam vida. Descubra agora