{For zawgyi}
Bar တစ်ခုရဲ့ရှေ့မှာ chae ရပ်နေသည်
အထဲကိုဝင်သွားရရင်ကောင်းမလားမဝင်ရကောင်းမလား စဉ်းစားခန်းထုတ်နေခဲ့တာ နာရီဝက်နီးပါးရှိတော့မည်....
နောက်တော့သူမ မျက်လုံးမှိတ်ပြီး ပါးစပ်ကနေ
လေတွေကိုမှုတ်ထုတ်လိုက်သည်...
ထို့နောက် bar ထဲသို့ဝင်ခဲ့လိုက်သည်ဟော... တွေ့ပါပြီ သိပ်ကိုလွမ်းနေခဲ့ရတဲ့ ပုံရိပ်လေး
Bar မှာ တစ်ယောက်တည်းထိုင်ပြီး
အရှေ့မှာချထားတဲ့ ကော့တေးကို တစ်စိမ့်စိမ့်သောက်နေသောသူ့ကျောပြင်လေးက
ရင်ထဲကိုနွေးထွေးသွားစေသည်...
ခပ်ပြုံးပြုံးလေးငေးပြီး ခြေလှမ်းတွေက သူ့ဆီသို့...အနားမှာထိုင်လိုက်တော့ သူကစောင်းကြည့်လာသည်
Chae ကိုမြင်တော့အံ့သြပုံမရအေးဆေးပင်"အော်...chae လာသောက်တာလား"
Chae သူ့ကိုပြုံးပြလိုက်ပြီးခေါင်းခါကာ
"ဟင့်အင်း lili ကိုတွေ့လို့ဝင်လာတာ"
"အော်...."
သူကထိုမျှသာပြောပြီး ဆက်သောက်နေသည်
တခုခုကိုခံစားနေရသလို သူ့မျက်ဝန်းတွေက
မှိုင်းညို့နေသည်...အချိန်အတော်ကြာအောင် ဒီတိုင်းငေးနေရင်းမှ
နောက်ထပ်သူမော့သောက်တော့မယ့်လက်ကို
Chae လက်နဲ့လှမ်းကိုင်ကာတားလိုက်သည်"တော်ပြီလေ နင်အရမ်းများနေပြီ..."
သူကမျက်မှောင်ကြုတ်ရင်းငဲ့ကြည့်သည်
မှိုင်းညို့နေတဲ့မျက်ဝန်းတွေကအခုတော့
ဒေါသရိပ်တွေလွှမ်းလို့..."ငါ့ကိုဘသူမှတားလို့မရဘူး..."
ခပ်ပြတ်ပြတ်သူ့စကား ကြောင့် သူ့လက်ကိုဆုပ်ကိုင်ထားတဲ့ chae ရဲ့လက်လေးကပြေလျော့သွားသည်
သူကတော့လွတ်သွားတာနဲ့ ချက်ချင်းမော့သောက်လိုက်သည်...
နောက်တစ်ခါထပ်ထည့်ကာ ထပ်သောက်သည်
ဆက်တိုက်ကိုသောက်နေတဲ့သူ့ကိုကြည့်ပြီး
Chae မတားရဲ မျက်ရည်တွေပင်ဝဲလာသည်စိတ်ထဲမှာလည်းနောင်တရသလိုဖြစ်လာသည်
*ငါကဘာလုပ်ရမလဲ ငါ့လုပ်ရပ်ကတရားရဲ့လား
အို...အချစ်နဲ့စစ်မှာမတရားတာမရှိဘူး*
ESTÁS LEYENDO
Image of Heart ❣(Season 1)
Fanfic{Zawgyi +unicode} အချစ်ဦးကိုမြေးဦးရတဲ့ထိမမေ့သလို အချစ်ဆုံးကိုလဲအဆုံးရှုံးမခံနိုင်ဘူး.... between first love and last love 🤞 အချစ်ဦးကိုမြေးဦးရတဲ့ထိမမေ့သလို အချစ်ဆုံးကိုလဲအဆုံးရှုံးမခံနိုင်ဘူး.... between first love and last love 🤞