{For zawgyi}
သူမ လေးလံနေတဲ့မျက်ဝန်းတွေကို
အသာလေးဖွင့်ကြည့်လိုက်တော့
အဖြူရောက်မျက်နှာကြတ် ကိုမြင်ရသည်နဖူးပေါ်ကအနည်းငယ်နာကျင်နေမှုကြောင့်
လက်နဲ့ကိုင်ကြည့်တော့ တိပ်နဲ့သေချာကပ်ထားတဲ့
ဂွမ်းစနုနုလေးကိုထိတွေ့မိသည်ဘေးဘီဝဲကြည့်လိုက်တော့
သူမကိုလက်ပိုက်ကာ မဲ့ပြုံးပြုံးပြီး ထိုင်ကြည့်နေသည့်
Bambam..."နင်..."
သူမချက်ချင်းကုန်းထလိုက်တော့ ခေါင်းထဲကမိုက်ခနဲ
ဖြစ်သွားသည် မျက်စိကိုမှိတ်ကာသက်သာအောင်
နေနေပြီး အဆင်ပြေပြီဆိုမှ မော့ကြည့်လိုက်ကာ"နင်မသေသေးဘူးလား..."
သူမ ခတ်ထန်စွာမေးတော့ bam ကရီသည်
မုန်းဖို့ကောင်းလိုက်တာ..."အဟက် ဘလိုလုပ်မလဲ နင်ကငါ့ကိုသေစေချင်ပေမယ့် ငါကဒေါင်ဒေါင်မြည်နေတုန်းပဲ"
ခပ်ရွဲ့ရွဲ့စကားတစ်ခွန်းကြောင့် သူမနှုတ်ခမ်းကိုက်ကာ
အံကြိတ်ပြီး ကြည့်နေမိသည်
Bam ကတစ်ခုခုကိုပြောမယ်လုပ်ပြီးကာမှ
မသင်္ကာ စရာကောင်းလောက်အောင် ချိုသာစွာပြုံးပြီး"တော်သေးတာပေါ့ ကိုယ်တို့မင်္ဂလာပွဲလေးကိုဘာမှမထိခိုက်စေခဲ့လို့
အေးဆေးအနားယူလိုက်အုံးလေ ဖိတ်စာတွေရပြီပြောလို့ သွားယူလိုက်အုံးမယ်"Bam ကပြောပြီး သူမပုခုံးကိုကိုင်ကာထွက်သွားသည်
သူမ bam ထွက်သွားတဲ့ တံခါးပေါက်ဝကိုလှည့်ကြည့်မိတော့ အခန်းဝမှာ
ရပ်နေတဲ့ Rosè ကိုတွေ့ရသည်
Rosè ကတော့ထွက်သွားတဲ့ bam ကိုသေချာလိုက်ကြည့်နေပြီးမှ အခန်းထဲဝင်လာသည်သူမ ကုတင်နားကိုလျှောက်လာပြီး
"သတိရလာပြီလား jennie shi..."
"ဟုတ်ကဲ့"
Jen ထိုသို့သာပြောလိုက်ပြီး ငြိမ်နေသည်
"ကျွန်မ jennie အတွက် အောက်ကနေ ကြက်ပေါင်းရည်လေးဝယ်လာခဲ့တယ် "
Chae ကပြောပြီး ပန်းကန်ထဲကိုလှည့်ထည့်ကာ
Jen ဆီကိုကမ်းပေးသည်
Jen လဲပြုံးပြပြီး ပန်းကန်ကိုယူလိုက်ကာ
မသောက်သေးပဲ ငေးကြည့်နေမိသည်
YOU ARE READING
Image of Heart ❣(Season 1)
Fanfiction{Zawgyi +unicode} အချစ်ဦးကိုမြေးဦးရတဲ့ထိမမေ့သလို အချစ်ဆုံးကိုလဲအဆုံးရှုံးမခံနိုင်ဘူး.... between first love and last love 🤞 အချစ်ဦးကိုမြေးဦးရတဲ့ထိမမေ့သလို အချစ်ဆုံးကိုလဲအဆုံးရှုံးမခံနိုင်ဘူး.... between first love and last love 🤞