ပုံရိပ် ၂၇

1.9K 204 22
                                    

{For zawgyi}

Jennie သူ့ကိုလွမ်းတဲ့စိတ်တွေနှင့်နေ့နေ့ညည
ရှင်သန်နေရတာ သိပ်ကိုပင်ပန်းလွန်းပါတယ်
သူ ပျောက်သွားတာ ဆယ်ရက်ကျော်လောက်ရှိပြီ
အထူးသဖြင့် ကျွန်မကမ္ဘာကြီးအဓိပ္ပါယ်မဲ့နေခဲ့တာ
ဆယ်ရက်ကျော်ပြီ...
အလုပ်ကပြန်လာတုန်း ဖုန်းဝင်လာသည်...

"Hello "

"Jen နင်ဘယ်မှာလဲ"

"ငါအိမ်ပြန်နေတာ"

"နင်ငါ့ဆီလာခဲ့လို့ရလား အခု lisa ဘယ်မှာရှိလဲဆိုတာငါသိထားတယ်"

သူမမောင်းနေတဲ့ကားကိုချက်ချင်း ဘေးကပ်လိုက်ကာ
ဘရိတ်အုပ် လိုက်သည်

စိတ်လှုပ်ရှားတွေက ပြင်းထန်နေသည်...

"Bam...နင်...နင်တကယ်ပြောတာလား..."

"အေး ငါနင့်ဆီငါရှိနေတဲ့နေရာကိုmessage ပို့လိုက်မယ် နင်လာမှငါပြောပြမယ်"

တစ်ဖက်ကဖုန်းချသွားတဲ့ထိ သူမဒီတိုင်းပဲဖုန်းကိုကိုင်ထားကာငြိမ်နေမိသည်
Message ဝင်သံကြားမှ သတိဝင်ကာ
အမြန်ကြည့်ရင်း ထို့နောက် ကားကို ဂငယ်ကွေ့ပြန်ကွေ့ကာ ဆန့်ကျင်ဘက်အရပ်ဆီသို့...
သူမစိတ်တွေအရမ်းလှုပ်ရှားနေသည်
သေလောက်အောင်လွမ်းနေခဲ့ရတဲ့ သူ့ကို..
ပြန်တွေ့ရတော့မယ်ဆိုတဲ့စိတ်က သူမကို
အဆမတန်တဲ့ရင်ခုန်မှုတွေဖြစ်ပေါ်စေသည်

ချိန်းထားတဲ့နေရာကိုရောက်တော့သူမအလောတကြီးပဲဝင်လာမိသည်...

"Bam..."

သူမခေါ်တော့ bam ကပြုံးပြီးကြည့်နေသည်

"Jen ထိုင်လေ ဘာမှာမလဲ "

Menu ကိုကြည့်ပြီးစိတ်ပျက်ဖို့ကောင်းလောက်အောင် အေးဆေးနေတဲ့ bam ပုံစံကြောင့်
သူမစိတ်မရှည်တော့....

"Bam နင် lisa ရှိမယ့်နေရာကိုသိတယ်ဆို"

"ငါမှာတော့မှာပြီးပြီ နင်ထပ်မှာချင်သေးရင်မှာလေ"

ကျွန်မပြောတော့သူကတစ်ချက်မော့ကြည့်လာပြီး
အမေးနဲ့မသက်ဆိုင်တဲ့ အရာကိုပြောနေပြန်သည်

"ငါဘာမှမစားဘူး ငါ့ကိုသူဘယ်မှာရှိလဲပဲပြောပြ"

သူမပြောတော့ bam က ရီလိုက်ပြီး ထိုင်ရာမှထလာသည်သူမထိုင်နေတဲ့နေရာနားကိုလျှောက်လာပြီး...မျက်နှာချင်းနီးကပ်အောင်ထားကာ

Image of Heart ❣(Season 1)Donde viven las historias. Descúbrelo ahora