ပုံရိပ် ၆

2.6K 254 4
                                    

{For zawgyi }

flash back

နောက်နေ့တွေမှာ mike တို့အဖွဲ့က chae ကိုထပ်မနှောင့်ယှက်ကြတော့...
ဒီလိုနဲ့ပဲသူနဲ့ chae အရင်းနီးဆုံးသူငယ်ချင်းတွေဖြစ်လာတယ် break time ဆိုသူက အခန်းရှေ့မှာစောင့်နေတတ်ပြီး chae ကလဲသူလာမှ မုန့်အတူသွားစားကြသည် ကျောင်းဆင်းလို့အိမ်ပြန်ချိန်ဆို သူနင်းတဲ့စက်ဘီးလေးနောက်ကနေ သူ့ခါးလေးဖက်ပြီးအတူပျော်ရွှင်ရီမောရသည်
အိမ်ပြန်လမ်းကအမှတ်တရတွေအပြည့်
တခါတလေ နှစ်ယောက်အတူကျောင်းပြေးရင် အိမ်ကသိသွားလို့အရိုက်ခံရချိန်တွေမှာ မငိုဖို့ သကြားလုံးလေးကျွေးတတ်တဲ့သူ့ကြောင့် chae ရဲ့မျက်နှာလေးပြန်ပြုံးရသည်...

"lili "

ကျောင်းပိတ်ရက် နှစ်ယောက်အတူ
အိမ်နားက ပန်းခြံလေးထဲမှာ လမ်းလျှောက်နေတုန်း chae ခေါ်တော့ သူလှည့်ကြည့်လာသည်

lili ဆိုတာ သူနဲ့ chae အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာတဲ့နောက်ပိုင်းမှာ ချစ်စနိုးခေါ်ဖြစ်တဲ့ နာမ်စားလေး

"အခုဆို စာမေးပွဲတောင်ဖြေရတော့မယ်နော်..."

chae ပြောနေတာကိုသူကပြုံးပြီးနားထောင်နေသည်

"စာတွေပိုင်နေပြီလား..."

သူကဘာမှမပြောပဲ ပြုံးနေတော့

"lili ပြောနေတာကို ပြန်မပြောပဲဘာဖြစ်နေတာလဲ မပြောချင်လဲနေတော့"

"ဟင် အာ့တာဘာဖြစ်တာလဲ"

သူကခပ်ပြုံးပြုံးပင်ပြောသည် တခါတရံအမြင်ကပ်ဖို့ကောင်းလောက်အောင် ကုတ်ဆွဲချင်စရာ မျက်နှာနဲ့သူက စိတ်ဆိုးနေတဲ့သူကိုမချော့ပဲဆက်စတတ်သည်...

"ဟုတ်တယ်လေ ဘာပြောပြော ပြုံးပဲနေတာ ရူးသွားတာလား အော် ဆေးလှုပ်မသောက်ခဲ့ဘူးထင်တယ်"

ခပ်ရွဲ့ရွဲ့ပြောနေတဲ့သူမကြောင့် ကိုယ်ရီလိုက်ပြီး

"ဟဟ နင်မှမတိုက်တာ "

"လာပြောင်မနေနဲ့ ငါတကယ် စိတ်ဆိုးလာပြီနော်"

"ဘာလို့ဆိုးတာလဲ ငါဘာမှလဲမလုပ်ပဲနဲ့"

"ပြောတာပြန်ပြောလေဟာ"

"ဟာ ပိုင်နေပြီပေါ့ဟ..."

Image of Heart ❣(Season 1)Where stories live. Discover now