Uni
ဒီကနေ့သည်သူဖြတ်သန်းခဲ့ရသောနှစ်နှစ်ဆယ်ကျော်အတွင်းတွင်ကံအဆိုးဆုံးနေ့ဖြစ်သည် Do Yun နှင့်အတူ Seoul သို့ပြန်ကာ JungKook ပွဲသို့သွားမည်ပြုသော်အိမ်ကအမေမှတစ်လှမ်းလှမ်းသည်နှင့်အမွေပြတ်မည်ဟုဆိုသည်
Taehyung အခန်းထဲတွင်လက်နှစ်ဖြင့်ဒူးကိုပိုက်ကာစိတ်လေးလံစွာထိုင်နေသည် ရင်ဘက်ထဲတွင်မီးတောက်အလားပူလောင်နေကာအလွန်ကြီးမားသောအခွင့်အရေးအားလက်လွှတ်ခဲ့ရသောကြောင့်မခံမရက်နိုင်ဖြစ်နေသည် သူ၃နှစ်၄နှစ်ကြာမှပထမဦးဆုံးပြန်တွေ့ရမည့်အခွင့်အရေးသည်အမှိုက်ထုတ်အားအမှိုက်ပုံးထဲထည့်သည့်အလားလွယ်လွယ်လေးလွှတ်ချခဲ့ရသည်
"ဒေါက် ဒေါက်"
တံခါးသံနှစ်ချက်မည်လာကာ Taehyung၏အမေဝင်လာခဲ့သည်
"သား"
Taehyung၏အမေခေါ်လိုက်သောကြောင့် Taehyung မှာတွေတွေလေးမော့ကြည့်လာသည် နီရဲကာဖောင်းအစ်နေသောမျက်ဝန်းများကြောင့်ငိုထားသည်မှာသိသာသည်
"သားထမင်းဆင်းစားကြရအောင်"
"Naeသားအခုဆင်းလာခဲ့မယ်"
Taehyung အမေမှာလဲမျက်နှာသိပ်မကောင်းစွာဆင်းလာခဲ့ရသည် ကိုယ့်သားလေးမျက်နှာမကောင်းစိတ်မပျော်ရွှင်သည်ကိုနားလည်သော်လဲ အဲ့လိုကိုယ်နဲ့လဲမသိ သွေးသားလဲမတော်စပ်သည့်သူအပေါ်စိတ်ရောကိုယ်ပါနှစ်ထားသည်ကိုတော့နားမလည်နိုင်ပါ
တခဏကြာတော့ Taehyung ထမင်းဝိုင်းသို့ရောက်လာခဲ့သည်
ထမင်းဝိုင်းအတွင်းပြောလိုက်သည့်အမေ့စကားတစ်ခွန်းမှာသူ၏ခေါင်းပေါ်လို့မိုးကြိုးပစ်လိုက်သလိုခံစားလိုက်ရသည်
"သားမနက်ဖြန်သားအဖိုးရဲ့နှစ်ပတ်လည်နေ့လေ"
Taehyung တစ်ချက်အမေကိုလှမ်းကြည့်လိုက်ပြီးခေါင်းငုံ့ကာ
"ကျွန်တော်ခုနကမုန့်နည်းနည်းစားထားလို့ဝပြီသွားလိုက်ပါအုန်းမယ်"
Taehyung ထသွားခြင်းကိုအမေမတားလိုက်နိုင်ပါ
Taehyung တံခါးပိတ်လိုက်ပြီးတံခါးကိုကျောမှီကာအသံတိတ်ငိုမိသည်
YOU ARE READING
𝙼𝚢 𝙿𝚛𝚎𝚌𝚒𝚘𝚞𝚜 𝙸𝙳𝙾𝙻 {COMPLETED}
Fanfictionမချစ်သည်မဟုတ်သော်လဲမုန်းချင်ယောင် ခဏခဏ ဆောင်နေရသော fan လေးတစ်ယောက်အကြောင်း idol အပေါ် idol ထက်ပိုသောချစ်ခြင်းများဖြင့် ချစ်မိသောကြောင့် အသည်းခဏခဏ ကွဲနေရသောကောင်လေး #KimTaehyung ကမ္ဘာကျော် ကောင်မလေးတွေသာမက ကောင်လေးတွေပါသည်းသည်းလှုပ်ချစ်ရပါသော idol #...