"အမယ်လေးငါ့သားလေးအမေ့ကိုမေ့နေပြီတောင်ထင်နေတာ လွမ်းလိုက်တာငါ့သားလေးရယ် နှစ်တွေနဲ့တောင်ချီနေပြီကောင်းကောင်းတွေ့ရတယ်လို့ကိုမရှိဘူး"
ယခုဆို Taehyung ကျောင်းပြီးကာလုပ်နေကျဆိုင်လေးကိုမခွဲနိုင်တာကြောင့်ထိုဆိုင်တွင်မန်နေဂျာအဖြစ်ဆက်လုပ်ဖြစ်သည်
"Eomma ရယ်ကျွန်တော်ကမအားလို့ပါ အခုပြန်လာပြီဘဲလေ"
"မင်းကပြန်လာတာ ပြီးရင်ပြန်သွားမှာဘဲမလား"
"Eomma ကလဲဒီတစ်ခေါက်တော့အကြာကြီးနေမှာပါတစ်ပတ်လောက်ပေါ့"
"တစ်ပတ်တည်းလားသားရယ်"
ဧည့်ခန်းထဲတွင်စကားထိုင်ပြောနေသောသားအမိနှစ်ယောက်ကိုကြည့်ရင်း
Taehyung အဖေထိုစကားဝိုင်းအတွင်းသို့ပါဝင်လာသည်"ကြည့်ပါအုန်းငါ့သားလေးကချောလာလိုက်တာ"
"Abba ကလဲမနေတတ်အောင်လုပ်ပြီ ကျွန်တော်ကငယ်ငယ်ကတည်းကချောပြီးသားပါဟဲဟဲ"
"ဒီကောင်လေးကတော့နော်"
Eomma ကTaehyung ရဲ့ခေါင်းလေးကိုပုတ်ကာရယ်သည်
"ဒါဆို eomma သားပစ္စည်းလေးတွေသွားထားလိုက်အုန်းမယ်"
"အေးအေးဟုတ်ပြီ သွားနားလိုက်အုန်း"
"ဟုတ်"
မဝင်ဖြစ်တာကြာပြီဖြစ်တဲ့ကိုယ့်ရဲ့ကိုယ်ပိုင်အခန်းလေးထဲသို့ဝင်လိုက်သောအခါ နံရံပေါ်မှပုံလေးများစွာကသူ့ကိုကြိုဆိုနေသည်
Taehyung အနားသို့သွားကာပုံလေးတွေကိုအသာအယာကိုင်လိုက်သည်
"JungKook ahh ငါအသက်ကြီးလာပေမယ့်ငါ့အချစ်တွေအခုထိမပြောင်းသေးဘူး"
ပညာရေးကိုဦးစားပေးလိုက်ရသောကြောင့်နှစ်အနည်းငယ်ခွဲခွာခဲ့ရသည်
"ဒါပေမယ့်အခုကစပြီးsupportဖို့ပိုအားထုတ်တော့မယ်ဟားဟားဟား" "ငါ့အခန်းလေးကိုလွမ်းလိုက်တာ aigoo"
အခန်းအတွင်းမှရယ်သံကိုကြားကာမိဘနှစ်ပါးလုံးခေါင်းခါမိသည်
"မင်းသားကအခုထိကလေးစိတ်မပျောက်သေးဘူးဟားဟား"
𝙼𝚢 𝙿𝚛𝚎𝚌𝚒𝚘𝚞𝚜 𝙸𝙳𝙾𝙻
YOU ARE READING
𝙼𝚢 𝙿𝚛𝚎𝚌𝚒𝚘𝚞𝚜 𝙸𝙳𝙾𝙻 {COMPLETED}
Fiksi Penggemarမချစ်သည်မဟုတ်သော်လဲမုန်းချင်ယောင် ခဏခဏ ဆောင်နေရသော fan လေးတစ်ယောက်အကြောင်း idol အပေါ် idol ထက်ပိုသောချစ်ခြင်းများဖြင့် ချစ်မိသောကြောင့် အသည်းခဏခဏ ကွဲနေရသောကောင်လေး #KimTaehyung ကမ္ဘာကျော် ကောင်မလေးတွေသာမက ကောင်လေးတွေပါသည်းသည်းလှုပ်ချစ်ရပါသော idol #...