Vote ဖို့လဲမမေ့ကြပါနဲ့အုန်းဗျို့!! View နဲ့ vote ကွာလွန်းတယ်ဗျာ☹
တရွေ့ရွေ့သွားနေသောလမ်းမကြီးကို ရှေ့သို့ဆက်တိုက်ရွေ့လျားကာမောင်းနှင်နေသောခရီးသွားကားပေါ်မှ လွမ်းဆွေးစွာ Kim Taehyung ထိုင်ကာကြည့်ရင်း Daegu မှ Seoul ဆီသို့တဖန်လာရပြန်သည်။
အလုံပိတ်ကားပေါ်မှလေအေးပေးစက်မှတိုက်ခတ်လာသောလေများနှင့်အတူကားထဲမှသဘာဝရှုခင်းများကိုသီချင်းနှင့်အတူခံစားရသည်မှာကောင်းကင်ဘုံနှင့်မလဲ
လွမ်းလွမ်းဆွေးဆွေးဖြင့်အနုပညာကိုခံစားနေရင်ဖုန်းဝင်လာခဲ့သည်။
ဖုန်းခေါ်ဆိုသူ- Park Jimin
Contact name ကိုကြည့်ပြီးကိုင်လိုက်သည်။
"အေးပြော"
"ရောက်ပြီလား"
"ရောက်တော့ဘယ်ရောက်အုန်းမလဲ ရောက်တော့ရောက်ခါနီးပါပြီ"
Jimin အဘယ်ကြောင့်စိတ်လောနေမည်မှန်းခန့်မှန်း၍မရ။ *ငါ့ကိုအဲ့လောက်တောင်တွေ့ချင်နေလား*ဟုမေးရင်လဲကိုယ့်ဘာသာကိုယ်အထင်ကြီးသည်ဟုဆိုကြအုန်းမည်။
Jimin ပြောသောအိမ်ရှေ့သို့ရောက်သောအခါအဝတ်ထုပ်အားခဏချကာခြံတံခါးလာဖွင့်စေရန်ဘဲလ်တီးလိုက်သည်။
*ဝေါင်းအိမ်ကြီးကတကယ့်ခမ်းခမ်းနားနားကြီးဘဲ* ဘဲလ်တီးပြီးလာမဖွင့်ပေးသောအချိန်တွင်အိမ်ကိုစပ်စုသည်မဟုတ်သော်လဲရပ်ကြည့်နေမိသည်။
ခြံဝင်းအကြီးကြီးထဲတွင်ရှိသောအိမ်ကြီးဖြစ်သည် အိမ်နှစ်လုံးကိုဆက်ကာထားပြီး နောက်အိမ်အသေးလေးအောက်တွင်ကားကိုရပ်ထားသည်။
Park Jimin သူ့အမျိုးအိမ်များလားသူနဲ့ငါနဲ့ခင်လာတာအဲ့လောက်ရှိနေပြီကိုဘာလို့အဲ့လိုအိမ်ရှိမှန်းမသိရတာလဲ
Taehyungအတော်ကြာစဉ်းစားပြီးသည်အထိလူအရိပ်အယောင်မတွေ့တာကြောင့်လိပ်စာများမှားသည်လားဟုစိတ်ပူကာ Jimin ပို့ထားသော message အားပြန်၍ဖတ်ကြည့်သောအခါတစ်ထပ်တည်းပင်ဖြစ်သည်။
ထို့ကြောင့်မမှားသေမှာဧကန်မုချဖြစ်သည်။ ထိုသို့အခါတွင်မှခြံတံခါးကိုတွန်းကြည့်သောအခါအလိုလိုပွင့်သွားသည်။
![](https://img.wattpad.com/cover/240038441-288-k21552.jpg)
YOU ARE READING
𝙼𝚢 𝙿𝚛𝚎𝚌𝚒𝚘𝚞𝚜 𝙸𝙳𝙾𝙻 {COMPLETED}
Fanfictionမချစ်သည်မဟုတ်သော်လဲမုန်းချင်ယောင် ခဏခဏ ဆောင်နေရသော fan လေးတစ်ယောက်အကြောင်း idol အပေါ် idol ထက်ပိုသောချစ်ခြင်းများဖြင့် ချစ်မိသောကြောင့် အသည်းခဏခဏ ကွဲနေရသောကောင်လေး #KimTaehyung ကမ္ဘာကျော် ကောင်မလေးတွေသာမက ကောင်လေးတွေပါသည်းသည်းလှုပ်ချစ်ရပါသော idol #...