Uni
ထမင်းဝိုင်းအတွင်းဇွန်းသံခွက်သံများမှလွဲ၍မည်သည့်အသံတစိုးတစိမှမထွက်
ချမ်းသာသည့်အိမ်ဖြစ်သောကြောင့် ထမင်းဝိုင်း၏အပေါ်မှမီးစိုင်းကြီးမှာလဲရွှေရောင်အတိလွှမ်းလျက် စားပွဲဝိုင်းသည်လဲမိသားစု၃ယောက်နှင့်မလိုက်အလွန်ကြီးမားလွန်းသည်
အိမ်အကူများမှာလဲဘေးတွင်သူတို့အလုပ်သူတို့လုပ်နေကြသောကြောင့်ဘေးတွင်ရပ်နေသူကရပ် သွားနေသူကသွားဖြင့်"JungKook မင်းအသက် 25 ရှိပြီ အိမ်ထောင်ပြုသင့်ပြီမထင်ဘူးလား"
ထိုထမင်းဝိုင်းတွင်အာဏာအရှိဆုံးတစ်နည်းအိမ်ထောင်ဦးစီးဟုဆိုရသည် JungKook ၏အဖေမှထိုစကားကိုဆိုလာခဲ့သည်
"Abba ကျွန်တော်ပြောပြီးပြီ ကျွန်တော်အခုလုပ်နေတာ အနုပညာရှင် အနုပညာရှင်တောင် KPOP idol ကျွန်တော်အခုလိုအောင်မြင်ဖို့ကျွန်တော်ဘယ်လောက်ကြိုးစားရလဲ abba မသိဘူး"
JungKook ပြောနေရသည်မှာကိုယ့်အဖေအရင်းဖြစ်သောကြောင့် အသံကိုမကျယ်စေရန်မမာစေရန်အတင်းစိတ်ထိန်းကာပြောလိုက်သည်
"ငါမသိဘူး မင်းကိုလဲဘယ်သူမှအဲ့လမ်းကိုမလျှောက်ခိုင်းဘူး မင်းဘာသာမင်းလုပ်တာငါခွင့်မပြုတာတောင်မှမင်းဘာသာမင်းတဇွတ်ထိုးလုပ်ခဲ့တာ"
"Appa! ကျွန်တော် လက်မခံနိုင်ဘူး"
"ဒါဆိုငါ့ company ကိုဘယ်သူဆက်ခံမှာလဲ ငါ့မှာသားဆိုလို့မင်းတစ်ယောက်တည်းရှိတာ"
"ကျွန်တော့်အနုပညာလုပ်ငန်းနားမယ်ဆိုကျွန်တော်ဆက်ခံမှာဘဲလေ အခုကလဲ abba ဘဲပိုက်ဆံရှာနေတာမဟုတ်ဘူး ကျွန်တော်လဲရှာနေတာဘဲ abba လောက်တော့မရပေမယ့် ကျွန်တော်ရတာလဲမနည်းပါဘူး ပြီးတော့အခုအချိန်အိမ်ထောင်ပြုဖို့လုံးဝစိတ်မဝင်စားဘူး ကျွန်တော့်မှာကျွန်တော့် fan တွေရှိတယ်"
"တစ်ခါလာလဲဒီ fan နောက်တစ်ခါလာလဲဒီ fan ဘဲ"
"Abba! ကျွန်တော့်ကိုပြောချင်ပြောကျွန်တော့် fan တွေကိုလုံးဝမထိပါနဲ့ ဝပြီမလို့ကျွန်တော်သွားပြီ"
ထိုထမင်းဝိုင်းမှထထွက်ကာ JungKook သူနေသောတိုက်ခန်းဆီသို့ကားမောင်းထွက်လာခဲ့သည်
YOU ARE READING
𝙼𝚢 𝙿𝚛𝚎𝚌𝚒𝚘𝚞𝚜 𝙸𝙳𝙾𝙻 {COMPLETED}
Fanfictionမချစ်သည်မဟုတ်သော်လဲမုန်းချင်ယောင် ခဏခဏ ဆောင်နေရသော fan လေးတစ်ယောက်အကြောင်း idol အပေါ် idol ထက်ပိုသောချစ်ခြင်းများဖြင့် ချစ်မိသောကြောင့် အသည်းခဏခဏ ကွဲနေရသောကောင်လေး #KimTaehyung ကမ္ဘာကျော် ကောင်မလေးတွေသာမက ကောင်လေးတွေပါသည်းသည်းလှုပ်ချစ်ရပါသော idol #...