𝙸𝚍𝚘𝚕*13*

4.3K 458 25
                                    

Uni

မင်းကငါ့ရဲ့ပျော်ရွှင်ဆုံးအချိန် ဝမ်းနည်းတဲ့အချိန် အယုတ်ရွဆုံးအားအနည်းဆုံးအချိန်အထိရှိခဲ့ပေးတယ် ငါအားနာတယ် ပြီးတော့ တကယ်တောင်းပန်ပါတယ် မင်းငါ့ကိုဘယ်လိုစိတ်ထားလဲဆိုတာသိပေမယ့် ငါမသိချင်ယောင်ဆောင်ခဲ့တယ် မင်းကငါ့အတွက်အကောင်းဆုံးသူငယ်ချင်းပါဘဲ

*ARMY MY BESTFRIENDS🥺*
Boyfriendကတော့ Jeon JungKook ပါဟုတ်

Taehyung မနက်နိုးလာတော့အဖျားကျသွားပြီထင် အနည်းငယ်သက်သာသည်
ဘေးဘီဝဲကြည့်လိုက်တော့ဘယ်သူမှမရှိပေ
အင်း Jimin လဲအလုပ်သွားရောပေါ့ ငါ့နှယ့်နော် အလုပ်ထပ်ပျက်ရပြန်ပြီ မျက်နှာချင်းဆိုင်ရှိနံရံကိုကြည့်လိုက်တော့နှစ်လိုဖွယ်ပြုံးပြနေသော JungKook ကိုမြင်လိုက်ရသောအခု ရင်ထဲတွင်ဆစ်ခနဲနာကျင်သွားသည် ထိုသူကိုသူဒီတသက်မပိုင်ဆိုင်နိုင်တော့ပါ သူက​တော့သူချစ်ရတဲ့တခြားတစ်ယောက်နဲ့ပျော်ရွှင်စွာနေထိုင်တော့မည်
Taehyung ခေါင်းခါလိုက်ပြီးမျက်နှာသစ်ရန်ထလိုက်တော့ ဘေးရှိ စားပွဲခုံပေါ်တွင်စာလေးတစ်စောင်

✉️Taehyung နိုးရင်ထမင်းကြော်လေးပြန်နွေးစားလိုက် ငါလုပ်ခဲ့တယ် ဆေးလဲသောက်အုန်းနော်✉️

Jimin ရဲ့စာစောင်လေးကိုဖတ်ပြီးစားပွဲပေါ်ကိုကြည့်လိုက်တော့ဆေးကဒ်လေးကိုတွေ့သည်
ထို့နောက်မျက်နှာမသစ်ခင်စားပွဲပေါ်ရှိအုပ်စောင်းကိုဖွင့်ကြည့်လိုက်တော့ ထမင်းကြော်လေးကိုတွေ့ရသည်

မနက်စာစားကာဆေးသောက်ပြီးကုတင်ပေါ်တွင်ပြန်ထိုင်လိုက်သည်

"တကယ်ဘာမှလုပ်စရာမရှိပါလား"

ဖုန်းမဖွင့်ကြည့်ရဲပါ ဖုန်းဖွင့်လိုက်သည်နှင့်ထိုသတင်းများထပ်၍တက်လာမည်ကိုသိနေသည်
သို့သော်မသိစိတ်မှထိုသတင်းမှာမှားနေကြောင်းပြန်ရှင်းမည့်စာကိုမျှော်နေမိသည်

စိတ်၏ဆောင်ယူချက်အရဖုန်းကိုဖွင့်ပြီးလိုင်းသုံးလိုက်တော့ ထင်သည့်အတိုင်းသာ ကိုယ့်နည်းတူအသည်းကွဲသူကွဲ သူဘာဖြစ်ဖြစ်လက်ခံမည့်သူကလက်ခံ မုန်းသည်ဟုပြောတဲ့သူကပြော စုံနေသည် ထိုသတင်းများစာများကိုကြည့်ရင်ခေါင်းပြန်ကိုက်လာသည်ကြောင့်ပြန်ပိတ်လိုက်သည်

𝙼𝚢 𝙿𝚛𝚎𝚌𝚒𝚘𝚞𝚜 𝙸𝙳𝙾𝙻 {COMPLETED}Where stories live. Discover now