တစ္ဆေ သတို့သား အပိုင်း (13)
ကျောင်းသားများ အလျှို,အလျှို ထွက်သွားပြီးတိတ်ဆိတ်နေတဲ့ အားကစားခန်းမတွင် သူနဲ့ Ryo နှစ်ယောက်ထဲ ကျန်ခဲ့သည်
"တောင်းပန် ပါတယ် "
ခါးကိုလဲရှေ့ကို ကိုင်းလိုက်တော့ Ryo ကပြာယီးပြာယာဖြင့် အတင်းလက်မောင်းကိုကိုင်ကာ ဆွဲထူတော့သည်
"ဟာ သူငယ်ချင်းအချင်းချင်းကို တောင်းပန်စရာမလိုပါဘူး ငါအနေရခက်အောင်မလုပ်ပါနဲ့ ကွာ"
"ဒါမဲ့ ဒါမဲ့ မင်းသာဘောလုံးကိုမကာလိုက်ဘူးဆို မင်းတယောက်ထဲ ပြုတ်ပြီးကျန်ခဲ့မှာ မဟုတ်ဘူးလေ Tokyo ထိခြေစွမ်းပြချင်တယ် လို့ မင်းဘဲပြောခဲ့တယ်လေ ငါ့ကြောင့်...ငါ့....ကြောင့် "
တဖြေးဖြေးတိမ်ဝင်လာသောစကားသံတချို့နဲ့အတူ မြေကြီးပေါ်ဒူးညွှတ်ခွေလျက်သား လဲပြိုသွားမိသည်
"မငိုနဲ့တော့နော် Kakeru မင်းငိုနေတော့ငါလဲ စိတ်မကောင်းဘူးကွာ"
အားကစားရုံရှေ့ရဲ့အုတ်ခုံပေါ် နှစ်ယောက်လုံးထိုင်နေကြရင်း သူ့အား ဖျောင်းဖျရန် ကြိုးစာနေဆဲ သူကိုယ်တိုင်လဲ မျက်နှာမဲ့လို့နေပြန်သည်
"ငါသာ အဲ့နေရာမှာ မရှိခဲ့ရင်..."
"ပြုတ်မှာသိသိရက်နဲ့ ကိုယ့်ဖာသာ ဆုံးဖြတ်ချက် ချလိုက်တဲ့ ကိစ္စ အာ့အချိန်တုန်းက မင်းကိုမကာကွယ် နိုင်ခဲ့ရင်ငါနောင်တရလို့ဆုံးမှာမဟုတ်ဘူး မင်းရှေ့မှာ မားမားမတ်မတ်ရပ်တည်နိုင်ခဲ့လို့ငါအရမ်းကျေနပ်တယ် "
သူ့လက်တဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြုံးရယ်နေတဲ့ Ryo ကို ခပ်နွမ်းနွမ်းသာ ကြည့်မိသည်
"ဘာလို့လဲ ငါက မင်းအပေါ်ဘာတခုမှလဲ လုပ်ပေးခဲ့တာလဲမဟုတ်ဘူး မင်းရဲ့အိမ်မက်တွေနဲ့ လဲပစ်ရအောင်ထိ ငါကမင်းအပေါ်ကောင်းခဲ့တာမဟုတ်ဘူး"
"ငါ့ရဲ့အိမ်မက်လား !!! Tokyo ထိ လက်စွမ်းပြချင်တာ မှန်ပေမဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေက အများကြီး အားကစားဘက် ဇောက်ချလုပ်မယ်လို့လဲ စိတ်ကူးမရှိဘူး မင်းကငါ့အပေါ်မှာ မကောင်းဘူး ဆိုတာ.... "
YOU ARE READING
တစ္ဆေသတို့သား(တစ္ဆေသတို့သား)
Horrorအချိန်တွေသာ နောက်ပြန်ရစ်လို့ရရင် ကာဂိုရှီမားကို သူ ဘယ်တော့မှ ပြောင်းခဲ့မှာမဟုတ်ဘူး!!!!ကြေကွဲဆို့နင့်ဖွယ်ပုံပြင်တပုဒ်ကတော့ ပြင်ဆင်ချိန်မရလိုက်နိုင်ဘဲ စတင်ခဲ့လေပြီ!!! အချိန်တွေသာ နောက်ပြန်ရစ်လို့ရရင် ကာဂိုရှီမားကို သူ ဘယ်တော့မှ ပြောင်းခဲ့မှာမဟုတ်ဘူး...