"ပြန်ရောက်ပါပြီ"
ဖိနပ်ချွတ် ခြေအိတ်ချွတ် ပြီး အိမ်ခန်းဝင်လိုက်တာနဲ့ ခရီးဆောင်အိတ် တွေ အစီအရီ တန်းစီချထားတာ တွေ့သည်
သူ့အသံ ကြားလိုက်သည့်အမေက နောက်ဖေးက ထွက်လာသည်။
"လာ လာ သား ထိုင်အုံး မေမေသားကို ပြောစရာရှိတယ် "
အမေနဲ့အတူ ဆက်တီခုံပေါ် ထိုင်လက်ပြီး အမေ ဆက်ပြောမဲ့စကားကို နားစွင့်ထားသည်။
"သားရဲ့အဖေ ကာကိုရှီးမား ကို တာဝန်ကျလို့ ပြောင်းရမယ် တဲ့ အဆင်သင့် လုပ်ထားအုံး"
"ဟုတ်လား ကာကိုရှီးမား က ကျိုတိုနဲ့ အဝေးကြီးဘဲ မပြောင်းချင်ဖူး"
"Lili လဲ တူတူဘဲ ပြောင်းချင်ဖူး ကျိုတိုမာဘဲ နေချင်တယ် "
ညီမလေး လီလီ အမေ့ လက်ကို ခလေးဆိုးတယောက် လို အတင်းဆွဲလှုပ်ပီး
"ကိုရီးက လဲ လိုက်ချင်ဖူးတဲ့ လီလီလဲ သွားချင်ဖူး မေမေ ကျိုတိုမာဘဲ နေရအောင် နော် နော် "
မောင်နှမ နှစ်ယောက်လုံး ဝိုင်းပူဆာတော့ အမေ လဲ စိတ်တွေရှုပ်လာပြီး
"နင်တို့ မသွားချင်ရင် နင်တို့ အဖေဘဲသွားပြော ငါ့ ဂျီလာ မတိုက်ကြနဲ့"
အမေလဲ ထွက်သွားကော ဆူပုပ်နေတဲ့ မျက်နှာနဲ့ Lili တယောက် စိတ်ကောက်လေပြီ
"မေကြီး ကလေ မတရားဖူး လီလီက တိုးစံကို ကြောက်လို့ မပြောရဲပါဘူးဆိုမှ အဖေ့ကို သွားပြောဆိုတာကြီး ဘဲ"
Lili ကို နှစ်သိမ့်ပေးချင်လို့ ဆံပင်ပျော့တွေ ဖွဖွပွတ် လက်ပြီး
"အဖေ့ကို ပြောလဲရမှာ မဟုတ်ဘူး ဝန်ထမ်း ဆိုတော့ အရာရှိရဲ့ အမိန့်ကို လွန်ဆန်လို့ မရဖူး လီလီ ရဲ့"
"မသိဖူး လီလီ ဘက်မာ nii chan(အစ်ကို) လဲရှိဖူး ဘယ်သူမှ မရှိဖူး !!!!!
Lili ခြေထောက်လေး ဆောင့်ကာ အပေါ်ထပ်တက်သွားတော့သည်
"ခလေးတို့အဖေ ဘာလို့ ဒါလောက် အဝေးကြီးကို ပြောင်းရမာလဲ ခလေးတွေလဲ မသွားချင် ကြဖူး kakeru က နားလည်ပေမဲ့ ရှင့်သမီး လီလီကတော့ ဘယ်လိုမှ ပြောလို့ မရဖူး"
YOU ARE READING
တစ္ဆေသတို့သား(တစ္ဆေသတို့သား)
Horrorအချိန်တွေသာ နောက်ပြန်ရစ်လို့ရရင် ကာဂိုရှီမားကို သူ ဘယ်တော့မှ ပြောင်းခဲ့မှာမဟုတ်ဘူး!!!!ကြေကွဲဆို့နင့်ဖွယ်ပုံပြင်တပုဒ်ကတော့ ပြင်ဆင်ချိန်မရလိုက်နိုင်ဘဲ စတင်ခဲ့လေပြီ!!! အချိန်တွေသာ နောက်ပြန်ရစ်လို့ရရင် ကာဂိုရှီမားကို သူ ဘယ်တော့မှ ပြောင်းခဲ့မှာမဟုတ်ဘူး...