"ပြန်ရောက်ပီနော်"
"သားလေး ကျောင်းကနေပြန်လာပီလား...ကျောင်းမာအဆင်ပြေရဲ့လား..သူငယ်ချင်းတွေရခဲ့လား"
"အဆင်ပြေပါတယ်..သူငယ်ချင်းတော့ ရခဲ့တယ်ထင်တာဘဲ"
အမေ့မျက်နှာဝင်းလက်သွားကာ အားတက်သရောနဲ့...
"သူငယ်ချင်းရတော့ သားလေးအထီးမကျန်ရတော့ဖူးပေါ့"
"ကျနော်တရေးမှေးအုံးမယ်နော်"
"ထမင်း စားတဲ့ချိန် အမေ လာနှိုးလိုက်မယ်"
ကျောင်းအင်ကျီမလဲတော့ဘဲ အိစက်စက်မွေ့ယာပေါ်ကိုယ်လုံးလေးနစ်မြုပ်သွားတဲ့ထိ ခြေပစ်လက်ပစ်လှဲချလိုက်သည်..နဖူးကျဉ်းကျဉ်းပေါ်လက်တင်ရင်းမျက်နှာကြက်ဖြူကို အကြောင်သား ငေးကြည့်မိသည်..
နမ်းရှိုက်လိုက်တဲ့နှုတ်ခမ်းတစုံရဲ့အငွေ့အသက်တွေကျန်နေသေးတဲ့လည်ပင်းကိုယောင်ယမ်းကိုင်မိတော့ အက်ရှရှသူ့အသံကိုအမှတ်ရမိသွားသည်..
သူ့ကိုဘလိုင်းရီးစော်ကားသွားတဲ့ထိုလူ့မျက်နှာကိုသေချာမြင်ချင်သေးသယ်..အားနဲနေတာကိုအခွင့်ကောင်းယူကာ လက်သရမ်းနိုင်တဲ့ မျက်ခွက်ကို စုတ်ပဲ့သွားအောင် ဒဏ်ရာလှလှပေးချင်လို့....
လေးလံလွန်းတဲ့ခန္ဓာကိုယ်ကသူ့ကိုအတင်းတက်ဖိထားတဲ့ခံစားချက်ကြောင့် အိပ်မာကျနေရာမှ ကယောင်ကတမ်းနိုးလာတယ်..သတိဝင်လာပြီး ရုန်းဖို့ပြင်တော့လဲ လက်တချောင်းလေးတောင် လှုပ်မရ..နှလုံးသားတခုလုံးထုံကျင်သွားတဲ့ထိ လေးလံတဲ့အရာကအသေဖိထားတော့ အသက်ကိုမနဲရှူ နေရသည်..
"အရမ်းအောင့်တယ်...မလုပ်ပါနဲ့နော်.ကျနော်မခံစားနိုင်တော့ဖူး"
နှလုံးသားနေရာကို အချွန်နဲ့စိုက်ထိုးသလို ထိုးအောင့်လာပီး အသက်ရှူ ရတာ မွန်းကြပ်လာသည်...ပယ်လိုမှမခံစားနိုင်လို့ ကျနော်မဟုတ်တဲ့တိုင်း မျက်ရည်လည်ရွှဲနဲ့ တဖွဖွတောင်းပန်မိသည်...
နှလုံးသားနေရာကပေါ့သွားတော့ လည်ပင်းဆီမှ သွားနဲ့ကိုက်ဖြတ်သလိုအရမ်းနာကျင်လာပြန်တယ်..ခေါင်းတခြမ်းထိုးအောင့်လာတဲ့ထိအကိုက်ခံထားရလို့ လွတ်မြောက်ချင်လို့ အတင်းရုန်းတော့ ပိုလို့တောင် တက်ဖိထားသယ်..
YOU ARE READING
တစ္ဆေသတို့သား(တစ္ဆေသတို့သား)
Horrorအချိန်တွေသာ နောက်ပြန်ရစ်လို့ရရင် ကာဂိုရှီမားကို သူ ဘယ်တော့မှ ပြောင်းခဲ့မှာမဟုတ်ဘူး!!!!ကြေကွဲဆို့နင့်ဖွယ်ပုံပြင်တပုဒ်ကတော့ ပြင်ဆင်ချိန်မရလိုက်နိုင်ဘဲ စတင်ခဲ့လေပြီ!!! အချိန်တွေသာ နောက်ပြန်ရစ်လို့ရရင် ကာဂိုရှီမားကို သူ ဘယ်တော့မှ ပြောင်းခဲ့မှာမဟုတ်ဘူး...