နှစ်ထပ်တိုက်အိမ်သည် ချစ်သူရဲ့ချစ်စဖွယ်အငွေ့သက်များ လွှမ်းခြုံထားသယောင် ပန်းရောင်သမ်းနေသည်...
မြေညီထပ်ဆီဦးတည်လာနေတဲ့ အဒေါ်ကြီးက kakeruနဲ့မျက်နှာပေါက် အတော်ဆင်သည်..
"သားက..ခခဲရူရဲ့သူငယ်ချင်းလား..အိမ်ထဲဝင်လေကွယ်"
"ဟုတ်..ခခဲရူကောဟင်..သူကျောင်းသွားပီလား"
"မသွားသေးဖူး..အပေါ်ထပ်မာ..အန်တီခေါ်ပေးမယ်လေ"
"နေပါစေအန်တီ..ကျနော်စောင့်လိုက်မယ်..နောက်ဆိုကျနော် သူ့ကိုလာခေါ်လို့ရလား"
"အန်တီလဲသူတယောက်ထဲမို့်စိတ်မချဖြစ်နေတာ..အဆင်ပြေသွားပြီပေါ့"
သူငါ့အိမ်ဘယ်လိုသိနေတာလဲ..မဟုတ်သေးဖူး..ငါ့ကိုအရမ်းတွယ်ကပ်တာသဘောမကျဖူး...
"မေ..ဟိုကောင်ရော..သွားပြီလား"
"အပြင်မာစောင့်နေတယ်..နောက်ဆိုသူနဲ့ဘဲကျောင်းသွားရမယ်နော်"
"ဟာ..ကျနော့်ကိုအရင်မေးသင့်တာကို.."
အိမ်ပြင်အပြေးထွက်တော့
ခေါင်းဝါက ခြံစည်းရိုးကိုမှီလျက် ရှိနေသည်"Yo"
လက်ပြကာ ကျနော့်ဆီလျှောက်လာသည့်သူက မြူနှင်းကြားမာ တောက်ပစွာရှိနေသည်
"မင်းဘာတွေလျှောက်လုပ်နေတာလဲ..ငါ့အမေကို ပြန်ပြောပေး"
Ryoက သူ့ခြေထောက်ကိုဘဲစိုက်ကြည့်နေလို့ ငုံ့ကြည့်တော့ ကြိုးချည်ဖို့မေ့လာတာဘဲ
"မင်း..ဘာလုပ်"
ဆတ်ခနဲဒူးညွတ်ပြီး ကြိုးချည်ပေးနေတော့ အနေရခက်သွားသည်..
"ငါ့ကိုတွေ့ချင်ဇောနဲ့ ဖိနပ်ကြိုးချည်ဖို့မေ့သွားတယ်"
"သေလိုက်..မင်းကိုဘယ်သူကလာခိုင်းလဲ"
"မင်းကခွင့်လဲမတိုင် ဆိုးချင်တိုင်းဆိုးနေတဲ့ကျောင်းပြေးလေးဆိုတော့ လာကြည့်ရမာပေါ့"
"..."
"စိတ်ဆိုးသွားတာလား..မင်းကလဲကွာ ဒါလေးစမိတာကို"
"ငါ့နောက်မင်းကို လိုက်ခိုင်းမိလားဟင်"
"စောနဘဲ မင်းနဲ့အတူသွားဖို့ မင်းအမေကသဘောတူပြီးသားလေ"
YOU ARE READING
တစ္ဆေသတို့သား(တစ္ဆေသတို့သား)
Horrorအချိန်တွေသာ နောက်ပြန်ရစ်လို့ရရင် ကာဂိုရှီမားကို သူ ဘယ်တော့မှ ပြောင်းခဲ့မှာမဟုတ်ဘူး!!!!ကြေကွဲဆို့နင့်ဖွယ်ပုံပြင်တပုဒ်ကတော့ ပြင်ဆင်ချိန်မရလိုက်နိုင်ဘဲ စတင်ခဲ့လေပြီ!!! အချိန်တွေသာ နောက်ပြန်ရစ်လို့ရရင် ကာဂိုရှီမားကို သူ ဘယ်တော့မှ ပြောင်းခဲ့မှာမဟုတ်ဘူး...