Episode 14[Z+U]

186 24 0
                                    

တစ္ဆေသတို့သား အပိုင်း ( 14 )

သေလုဆဲ ဝိညာဉ်ငယ် သည် အသည်းခိုက်လုမတတ်နာကျင်မှုအား မချိမဆန့် ထွေးပိုက်ရင်း ရီဝေစွာဖြင့် သတိပြန်ရလာသည်။

သံတုံးကြီးတတုံးနှယ် ကိုက်ခဲနေသည့် ခေါင်းအား ရို အနိုင်နိုင် ထူမသည်။ တုန်ရီနေသော လက်များက ကားတံခါး အနည်းငယ်ရွေ့သွားရန်ပင် မနဲတွန်းဖွင့်ရသည်။

ချိနဲ့လွန်းသည့် လက်များက တံခါးဂျက်အား အတန်ကြာမှ မိမိရရဆုပ် ကိုင်မိပြီး ၊ ရှိစုမဲ့စုအားလေးဖြင့်အသားကုန်တွန်းဖွင့်တာတောင်၊
တဝက်လောက်ဘဲဟသွားသည်။

တုန်ရီနေသည့် ကိုယ်လုံးက ဆိုဖာပေါ် ပြန်ပစ်လဲသွားပြန်သည်။အရမ်းအိပ်ချင်နေတာ မနဲထိန်းထားရင်း ခြေထောက်တဖက်အား ခက်ခက်ခဲခဲ မြေကြီးပေါ် တင်လိုက်သည်။ နောက်ထပ် ဘယ်ဘက်ခြေထောက်အား ထပ်မံခြေချကာ မြေကြီးပေါ် ခြေစုံရပ်တည်ရန် ကြိုးစားလိုက်သည်။

ဘယ်ဘက်ခြေသလုံးဆီမှ အသည်းခိုက်လုမတတ် နာကျင်မှုက လိမ့်တက်လာပြီး ဖွေးစွတ်နေသည့် မြေပေါ် ဒလိမ့်ခေါက်ကွေးကျသွားသည်။

ဖြူဖွေးကာ အေးစက်လွန်းသည့် နှင်းထုပေါ် မျက်နှာအပ်မိပြီး ချမ်းအေးလှသည့် မြောက်ပြန်လေများက သူ့အား ခိုက်ခိုက်တုန်အောင်
လွှမ်းခြုံထားသည်။

ဘယ်နေရာကြည့်ကြည့် မြူခိုးများက အုပ်စိုးထား၍ မည်သည့်နေရာတွင် ရောက်နေမှန်းမခန့်မှန်းတတ်၊

ခြေထောက်တချောင်းကလဲ ကျိုးနေ၍ အေးစက်စက်နှင်းထုထဲတွင်အေးခဲပြီးသေ သွားရုံမှတပါးသူ
ဘာများရွေးချယ်နိုင်အုံးမှာလဲ။

နှင်းလွှာပြင်ပေါ် လဲလျောင်းနေသည့်သူ့ကိုယ်သည် တဖြည်းဖြည်း အေးစက်တောင့်တင်းလာပြီး အသက်ရှရှိုက်ရန်ပင် ခက်ခဲပင်ပန်းလာသည်။

အာ!!! မညီမညာ ကြမ်းတမ်းလွန်းသည့် မြေကြီးပေါ်တွင် လဲလျောင်းရတာ မသက်မသာ ဖြစ်လိုက်တာ ၊

အကယ်လို့ ဒါဟာ သူ့ဘဝရဲ့ အဆုံးသတ်ဆိုလျှင် နူးညံ့သည့် တယောက်ထဲသောသူရဲ့ ပေါင်ပေါ်မှာ ခေါင်းအုံးချင် မိသည်။

တစ္ဆေသတို့သား(တစ္ဆေသတို့သား)Where stories live. Discover now