သူ မင်သက်မိနေရာက သတိဝင်လာပြီး အမြန်ရှောင်လိုက်တော့မှ သီသီလေး လွတ်သွားသည်။
အရှိန်လွန်ပြီး မြေကြီးပေါ်ပစ်လဲကျသွားလို့ ခါးရိုးဆီက မျက်ခနဲအောင့်တက်လာသည်။သစ်ကိုင်းခြောက်က ဘာလို့ သူ သစ်ပင်အောက်ရောက်မှ ကွက်တိပြုတ်ကျလာတာလဲ သူ့ကံကိုကဆိုးလွန်းတာပါ!!!
ဒါမဲ့ အာ့လေမတိုက်ဘဲ အသားလွတ်ကျလာတဲ့ သစ်ကိုင်းခြောက်ကို စိတ်မဝင်စားအားဖူး၊ ရှေ့မှာမြင်လိုက်ရတဲ့ ဆွေးမြေ့ပြိုပျက်နေသော ကျောင်းဆောင်က သူ့ကို ကျက်သရေကင်းမဲ့စွာကြိုဆိုနေသည်။
သူ ထော့နဲ့ထော့နဲ့လျှောက်လာတာ ကျောင်းဆောင်နဲ့အတော်နီးနီးရောက်လာသည်။ အတော်ကြာ အသုံးလဲမပြု ၊စွန့်ပစ်ထားဟန်တူတဲ့ အဆောင်အအုံမှာ လေပြင်းပြင်း တိုက်ရင်တောင် ပြိုလဲကျတော့မဲ့ဟန် အမှိုက်ပုံလို ပျက်စီး နေသည်။
သစ်သားတွေကဆွေးမြေ့နေပီး ရေနံချေးဝနေတာကြောင့် မည်းချိပ်နေသည်။ တံခါးတွေပြိုလဲနေပီး ပြတင်းပေါက် မှန်တွေကလဲ တစစီ ကွဲအက်နေသည်။
အေးလက်တာ!!!
လူသူမရှိတိတ်ဆိတ်လွန်းတဲ့ကျောင်းပျက်ကို မနှစ်မြို့ပေမဲ့ အပြင်မှာဆက်ပြီး မရပ်နိုင်လောက်အောင် အေးလွန်းတာကြောင့် ဒီမှာ ခဏနေဖို့ ဆုံးဖြတ်ချက် ချလိုက်သည်။
ဆောင်းလေအေးတချက်အဝှေ့မာ ခိုက်ခိုက်တုန်အောင် အေးခဲသွားသည်။ ကျောင်းခေါင်မိုးပေါ် တဖြောင်း ဖြောင်းနဲ့ နှင်းစက်တွေ ရိုက်ခတ်သံမှလွဲ၍ အရာအားလုံးတိတ်ဆိတ်လွန်းသည်။
တချက် တချက် လေတိုက်လို့ တံခါးတွေ ဗြန်းခနဲ ရိုက်ခတ်သံက အနဲငယ်စိတ်အနှောင့်အယှက်ဖြစ်စေသည်။
စိတ်ထဲမှာ တစုံတရာက စိုက်ကြည့်နေသလို ခံစားရလို့ လှည့်ကြည့်တော့လဲ ပြောင်ရှင်းနေတဲ့ မှောင်မဲနေတဲ့ အဆောင်ရဲ့အတွင်းပိုင်းဘဲ တွေ့ရသည်။
"ချွတ်"
သစ်သားတွေ နင်းလို့ ထွက်လာတဲ့ တရှပ်ရှပ် ခြေလှမ်းသံကြောင့် အနောက်ကို ကပျာကယာ လှမ်းကြည့်လိုက် သည်။
YOU ARE READING
တစ္ဆေသတို့သား(တစ္ဆေသတို့သား)
Horrorအချိန်တွေသာ နောက်ပြန်ရစ်လို့ရရင် ကာဂိုရှီမားကို သူ ဘယ်တော့မှ ပြောင်းခဲ့မှာမဟုတ်ဘူး!!!!ကြေကွဲဆို့နင့်ဖွယ်ပုံပြင်တပုဒ်ကတော့ ပြင်ဆင်ချိန်မရလိုက်နိုင်ဘဲ စတင်ခဲ့လေပြီ!!! အချိန်တွေသာ နောက်ပြန်ရစ်လို့ရရင် ကာဂိုရှီမားကို သူ ဘယ်တော့မှ ပြောင်းခဲ့မှာမဟုတ်ဘူး...