Episode-10(Part-1)

475 77 7
                                    

[Zawgyi]

"ဘာတွေတွေ့ရလဲ"

"ရေတွေ...နေရာအနှံ့ပဲ...လှိုင်းလုံးတွေရောပဲ"

"ဟုတ်ပြီ...ရှေ့ဆက်သွားကြည့်ပါဦး"

"မှောင်မဲနေတဲ့ကောင်းကင်ကြီး...မိုးတွေ...မိုးတွေအရမ်းသည်းနေပြီးတော့...ပြီးတော့......"

စကားဆက်မပြောတော့ပဲတစ်သိမ့်သိမ့်ရှိုက်လာပြီးမျက်ရည်ပေါက်ကြီးငယ်ကျလာသောSeokjinကြောင့်အိပ်မွေ့ချခြင်းကိုရပ်ဖို့ဆုံးဖြတ်လိုက်ရသည်။

"Hyung....အခြေအနေဘယ်လိုရှိလဲဟင်"

Taehyungရဲ့အမေးကိုDoctorကသက်ပြင်းအသာချပြီးဖြေသည်။

"Accidentမဖြစ်ခင်အကြီးအကျယ်စိတ်ဒဏ်ရာရစရာဖြစ်ခဲ့ပုံပေါ်တယ်...အဲ့ဒီ့အရာကိုသူကိုယ်တိုင်ကိုကမေ့ပစ်ချင်ပုံရတယ်...ထိတ်လန့်စရာတစ်စုံတစ်ရာပေါ်လာရင်တော့ပွင့်ထုတ်လာတဲ့သဘောအနေနဲ့ပြန်မှတ်မိလာနိုင်ပေမယ့်...အခုကတော့.....ဟင်းးး...."

Doctorရဲ့သက်ပြင်းချသံသည်တော်တော်လေးရှည်ကြာနေခဲ့သည်။Taehyungသည်ကုတင်ပေါ်တွင်အိပ်ပျော်နေသေးသောSeokjinကိုအသာကြည့်လိုက်သည်။အတိတ်တွေကိုမှတ်မိအောင်ကူညီပေးမယ်လို့ကတိပေးထားပေမယ့်အခုတော့မရေရာမသေချာမှု့တွေဖြင့်သာ။

**ဘယ်လောက်တောင်သွေးပျက်ခဲ့လို့များလဲ...
Seokjinရာ**

************************************************************************

Ice Americanoမပါလာရင်သူ့အိမ်ကိုခြေတောင်ချဖို့စိတ်မကူးနဲ့ဟုဆိုလာသောသူငယ်ချင်းကောင်းအပေအတေကောင်Min Yoongiကြောင့်Coffeeဆိုင်တစ်ခုထဲသို့Hoseokဝင်လာခဲ့သည်။

Coffeeဆိုင်ရဲ့ထောင့်စွန်းတစ်နေရာကစားပွဲဝိုင်းတွင်တွေ့လိုက်ရသည်ကKim Namjoon၏အချစ်တော်လေးနှင့်သူ့သူငယ်ချင်းKim Taehyungလို့​ခေါ်တဲ့ပန်းပုရုပ်လေး။

ပန်းပုထုထားသလိုအချိုးအစားကျလှသောမျက်နှာလှလှလေးကြောင့်ပန်းပုရုပ်လို့Hoseokတစ်ယောက်ကြိတ်ပြီးနာမည်ပေးထားခြင်းဖြစ်သည်။Min Yoongiသာသိရင်ဟားတိုက်ရယ်လိုက်မည်ဖြစ်ခြင်း။

ပုံမှန်သာနေထိုင်သောနေထိုင်ပုံတွေသည်အများအမြင်မှာတော့​ထောင့်မကျိုးအမြင်ကတ်စရာဖြစ်နေတော့ထိုပန်းပုရုပ်လေးကလည်းကိုယ်တွေအုပ်စုကိုအမြင်ကြည်ပုံမပေါ်။ကျောင်းတွင်တွေ့တိုင်းမျက်စောင်းထိုးသွားလေ့ရှိသည်။

TRIANGLETempat cerita menjadi hidup. Temukan sekarang