တိုက်ခန်းလေးက တစ်ယောက်နေဖို့ဆိုရင် အတော်လေးကျယ်ဝန်းပါသည်။ မီးဖိုချောင်နဲ့ ဧည့်ခန်းက မျက်နှာချင်းဆိုင်ဖြစ်ပြီး အတွင်းခန်းနှစ်ခန်းပါသည်။ ယောကျာ်းလေးတစ်ယောက်တည်းနေတယ်ဆိုပေမဲ့ အခန်းလေးက သပ်သပ်ရပ်ရပ်ရယ်ပါ။ ရှုပ်ပွညစ်ပတ်နေတာမျိုးမရှိ။
အင်း အင်း ကောင်းတယ် အသန့်ကြိုက်တဲ့ သူအတွက် အဆင်ပြေပါတယ်။
Jimin တိုက်ခန်းတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှူလိုက်ပြီး ကောက်ချက်ချလိုက်သည်။
အိမ်ရှင်ဖြစ်သူကတော့ အိမ်ပေါက်ဝမှာ ဖိနပ်ချွတ်ပြီး ဖိနပ်စင်ပေါ်သေချာတင်နေလေရဲ့။ Jungkook က အသန့်ကြိုက်တာမျိုးတော့ မဟုတ်ဘဲ ကိုယ်တိုင်လည်း မျက်စိထဲ ရှုပ်နေတာမျိုးတွေကို သဘောမကျတာမလို့ သပ်သပ်ရပ်ရပ်နေဖြစ်တာပင်။ သူ့ပင်ကိုယ်စရိုက်က ပစ္စည်းတစ်ခုကို သတ်သတ်မှတ်မှတ်ထားရှိတတ်ပြီး အဲ့ပစ္စည်းကလည်း ဘယ်လောက်ပဲ အသုံးများပါစေ ထားထားတဲ့နေရာမှာ ပြန်ရောက်နေမှ။ ဒါကလည်း သူကိုယ်တိုင် အကျင့်ဖြစ်အောင် လုပ်ယူထားတာပင်။ တစ်ယောက်တည်းနေရမည်မို့ အသေးအမွှားလေးကအစ ကိုယ့်အားကိုကိုးရမည်မဟုတ်လား။ ထို့ကြောင့် အကျင့်ကောင်းလေးတွေကို မွေးယူထားခြင်း။
လက်ထဲက အဝတ်ထုပ်တွေကို ဆိုဖာခုံပေါ်ချပြီး လွယ်အိတ်ကို ကြမ်းပြင်ပေါ်မှာပဲ ပစ်ချလိုက်သည်။ တစ်နေကုန်လမ်းလျှောက်လာရတာမို့ သူ့ခြေထောက်တွေ နာချင်နေပြီ။ ဆိုဖာခုံပေါ်ပက်လှက်လှန်လှဲချလိုက်တော့ စားပွဲခေါ်ပေါ်ကို ခုန်တက်လာတဲ့ ကြောင်ဖြူဖွေးလေး။ သူ့မှာ ထိုကြောင်ကလေးကို မြင်ရင် ထိတွေ့ချင်စိတ်က ထိန်းမရ။ လှဲနေရာကနေမှ လက်ကို ဆန့်ထုတ်လိုက်ပြီး ခေါင်းလေးကို ပွတ်သပ်လိုက်သည်။ ကိုယ်လုံး လုံးအိအိလေးနဲ့ ထိုင်နေပုံက ပုံ့ပုံ့လေးရယ်။ ပွတ်သပ်မှုကို ငြိမ်ခံနေရာမှ ခဏအကြာ သူလက်ဖဝါးထဲကို ပြန်လည်တိုးတိုက်လာမှုလေး။ Jungkook သဘောကျသွားကာ ထထိုင်လိုက်သည်။ ကိုယ်လုံးလေးကို ပွေ့ယူပြီး မျက်နှာနားတိုးကပ်ကာ မြှောက်ကိုင်ထားလိုက်သည်။ ရနံ့သင်းသင်းလေးကို ရပြန်ပြီ။ အနီးကပ်ရှိနေတာကြောင့် ရနံ့လေးကို ပိုမွှေးနေသလို။ နဖူးဖြူဖြူလေးဆီကို နှာခေါင်းနဲ့ ဖိပွတ်လိုက်တော့ လူက အမွှေးနံ့သာခင်းကြီးထဲကို ပြုတ်ကျသွားသလိုပါပင်။ အနံ့တွေနဲ့ ပတ်သက်ရင် စိတ္တဇဖြစ်တတ်သော Jungkook ကို ထိုရနံ့သင်းလေးက အနှောင့်အယှက်မဖြစ်စေပါ။ မရင်းနှီးတဲ့ ရနံ့လေးကို ထပ်ခါထပ်ခါပင် ရှူရှိုက်နေချင်သည်။
YOU ARE READING
White Cat that I'm in Love
FanfictionThis story was for C** project. As usual, this is a jikook/kookmin story. Enjoy ^^ cover : Ursa Major (@Espresso95)