ဒီနေ့တော့ Jungkook အပြင်ထွက်ဖို့ စဉ်းစားထားသည်။ အဝတ်အစားအသစ်တစ်ချို့ ဝယ်ရမည်။ ပြီးတော့ Manga စာအုပ်တစ်ချို့ဝယ်ဖို့ စာအုပ်ဆိုင်လည်းသွားရမည်။ မနေ့က ဖခင်က ဂုဏ်ပြုငွေအဖြစ် မုန့်ဖိုးလွှဲထားပေးတာကြောင့် ဆိုင်ကောင်းကောင်းတစ်ခုမှာ နေ့လည်စာဝင်စားဖို့လည်း တွေးထားသည်။ တီရှပ်လက်ရှည်ပွပွတစ်ထည်ကို ကောက်စွပ်ပြီး အနက်ရောင်ဘောင်းဘီနဲ့ ပေါ့ပေါ့ပါးပါးမျိုး ဝတ်ဆင်လိုက်သည်။ ဘတ်စ်ကားနဲ့ သွားမှာမို့ ပစ္စည်းတွေထည့်ရအောင် ကျောပိုးအိတ်တစ်လုံးကို လွယ်သည်။ ဒါဆို သူအပြင်သွားဖို့ကို အဆင်သင့်ဖြစ်နေပြီ။
Jungkook တိုက်ခန်းထဲက ထွက်လိုက်တော့ မျက်နှာချင်းဆိုင် အခန်းရဲ့ တံခါးရှေ့မှာ မနေ့ကတွေ့ခဲ့သော ကြောင်ဖြူလေးကို တွေ့လိုက်ရပြန်၏။ အခန်းတံခါးပေါ်ကို လက်ကလေးနဲ့ထောက်ရင်း နှာခေါင်းနီနီလေးနဲ့ အနံ့ခံနေသည်။ အော် ရှေ့ခန်းက ကြောင်ကလေးကို။ အရင်ရက်တွေက မမြင်ဖူးတာ အပြင်သိပ်မထွက်လို့ဖြစ်မည်။ အခုလည်း ထပ်ထွက်လာပြီး ဝင်မတတ်ဖြစ်နေပြန်တာလား။ ဒါမှမဟုတ် မနေ့ညကတည်းက မဝင်ရသေးတာလား။ သူ့သခင်ကကော ကြောင်လေးပျောက်နေတာကို သတိမထားမိသေးတာလား။
ကြောင်လေးက ကြမ်းပြင်ပေါ်ကို ပြန်ထိုင်ချပြီး သူ့နားရွက်ကို လက်ကလေးနဲ့ တစ်ချက်နှစ်ချက် ခါလိုက်သည်။ Jungkook ကြောင်ကလေးကို ကြည့်ရင်း ဆောင့်ကြောင့်ထိုင်ချလိုက်ပြန်သည်။ မနေ့ညက ထိတွေ့ခဲ့သော ကြောင်ကလေးကို သိပ်တော့မစိမ်းတော့ပါ။ ကြောင်တစ်ကောင်ဆီက အာရုံကို ဘယ်လိုယူရမလဲမသိ။ ထို့ကြောင့် ကြောင်ကလေးတွေ အော်သလိုသာ Jungkook အော်လိုက်တော့သည်။
"Meow~"
တံခါးကိုသာ စိုက်ကြည့်နေသော ကြောင်ဖြူလေးက ကျောနောက်ကသူ့ကို လှည့်ပင်မကြည့်။ နောက်တစ်မျိုးခေါ်ရင်ရော။
"မီမီ~~မီမီ"
တစ်ချက်မှပင် မလှုပ်ပါ။ ကြောင်ကလေးတွေက ချေတယ်လို့တော့ ကြားဖူးပါသည်။ သူ့သခင်ခေါ်ရင်တောင် ထူးချင်မှ ထူးသည့်အမျိုး။ သူစိမ်းဖြစ်သည့်သူက စိတ်ရှည်ရမည်ပေါ့။ တကယ်ဆို Jungkook ဆက်မခေါ်ပဲ ထထွက်သွားလည်း ဖြစ်သည်။ သို့ပေမဲ့ ဒီနေ့ Jungkook မှာ အပေါဆုံးက အချိန်ဖြစ်နေသည်။ အပန်းဖြေမယ်လို့ သူဆုံးဖြတ်ထားတာကြောင့်လည်းဖြစ်မည်။ ပြီးတော့ ဒီကြောင်ဖြူလေးဆီက အာရုံကို သူလိုချင်နေပါသည်။
YOU ARE READING
White Cat that I'm in Love
FanficThis story was for C** project. As usual, this is a jikook/kookmin story. Enjoy ^^ cover : Ursa Major (@Espresso95)