"Jimin Hyung မနက်စာစားရအောင်"
Toast နှစ်ခုကို ပန်းကန်တစ်ခုဆီ ခွဲထည့်လိုက်ပြီး နွားနို့ခွက်နဲ့ ကော်ဖီခွက်ပါ အသင့်ဖြစ်နေပြီ။
အိပ်ခန်းထဲက ထွက်လာတဲ့သူက အခုထိအိပ်ချင်နေသေးပုံရကာ မျက်လုံးတွေကို ပွတ်နေ၏။ ငွေရောင်လက်သော ဆံပင်ဖြူတွေက ရှုပ်ပွနေကာ လူတစ်ကိုယ်လုံးကလည်း ဆွယ်တာအင်္ကျီအပြာရောင်ထဲမှာမြှုပ်လျက်။ ဘောင်းဘီဖြူရှည်ရှည်က ခြေဖမိုးတစ်ဝက်ထိဖုံးနေသည်။ အသွင်ပြောင်းနိုင်တဲ့ ကြောင်လေးတစ်ကောင်အဖြစ် Jungkook ဘက်က သိပြီးသွားကတည်းက Hyung က လူပုံနဲ့သာ နေတော့သည်။ ကြောင်လေးအဖြစ် ဘာလို့မပြောင်းတော့တာလဲလို့ မေးရင် တရားခံက ကိုယ်ပင်။
"မင်း ငါ့အနား မကပ်အောင်လို့" တဲ့။ ထိုအခါ မချိပြုံး ပြုံးရသည်က Jungkook ပင်။ လူတစ်ယောက်ဖြစ်နေတဲ့ Hyung ကို သူကို စိတ်ကြိုက်ထိလို့မရတော့တာကတော့ အမှန်ပါပဲ။ ကြောင်လေးဆိုရင် စိတ်ရှိတိုင်း ကောက်ပွေ့ပြီး စိတ်ရှိတိုင်း နမ်းရှိုက်လို့ရ၏။ သူ့အကြံတွေကို နှောကြေနေတဲ့ Hyung ကလည်း လုံးဝကို မပြောင်းတော့တာ။ ထို့အပြင် အကြီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ဟောက်စားကလည်း လုပ်သေးသည်။ မနေနိုင်လွန်းလို့ သွားထိရင် အော်ထုတ်တော့တာပဲ။ Spare room ထဲ လုံးဝမဝင်ရဘူးပြောပြီး သော့ပိတ်ထားလိုက်လို့သာ ညဆို သူနဲ့ လာအိပ်တာ။ ဒါတောင် ကုတင်ဟိုဘက်စွန်း ဒီဘက်စွန်း။ သူ့ကို လုံးဝ အခွင့်အရေးမပေးတော့တာပါပဲ။ တကယ်ကို မာနကြီးတဲ့ အစ်ကိုဖြူလုံးလေးပါပဲ။
"Hyung ဒီနေ့ ကျွန်တော်နဲ့ လိုက်ခဲ့မလားဟင်"
"မင်းက အလုပ်သွားမှာ မဟုတ်ဘူးလား"
"အင်း Hyung တစ်ယောက်တည်းဆို အခန်းထဲ ပျင်းနေမှာစိုးလို"
"မပျင်းပါဘူး"
လွယ်လွယ်ပြောမရဘူးဆိုတာ သိနေတဲ့ Jungkook က သူ့အဖြေကို စိတ်မပျက်သွား။
"ဟိုလေ လိုက်ခဲ့ပါလား Hyung ရ တစ်နေကုန် အလုပ်ထဲမှာ ကျွန်တော်ပျင်းလို့ပါ"
"မင်း လုပ်ဖော်ကိုင်ဖက်တွေ ရှိတာပဲကို"
အာ Hyung ကတော့ လုပ်ပြီ။
YOU ARE READING
White Cat that I'm in Love
أدب الهواةThis story was for C** project. As usual, this is a jikook/kookmin story. Enjoy ^^ cover : Ursa Major (@Espresso95)