တနင်္ဂနွေတစ်ရက်ကတော့ ခပ်မြန်မြန်ပဲ ပြီးဆုံးသွားသည်။ ဖြူလုံးကောင်လေးအတွက် အိပ်ဖို့နေရာကို သူ့ရဲ့ လေးထောင့်ပုံအဝတ်ခြင်းတစ်ခုကို ပေးထားလိုက်သည်။ ထိုအထဲကို တဘက်တွေ အဝတ်စတွေခင်းထည့်ပြီး နွေးနွေးထွေးထွေး သက်သောင့်သက်သာရှိအောင် ပြင်ပေးဖြစ်၏။ ပြီးတော့ သူ့ကို လွယ်အိတ်ထဲထည့်ပြီး Mart တစ်ခုဆီသို့ ပြေးရသည်။ ကြောင်စာလေးတွေအနားကိုကပ်တော့ အလိုမရှိကြောင်းပြသည်မို့ နွားနို့ဘူးတွေကိုသာ ပိုဝယ်ရတော့သည်။ ဖြူလုံးလေးကို ကျောပိုးအိတ်ထဲထည့် ရင်ဘတ်ရှေ့မှာထားလွယ်တော့ စပ်စုချင်ပြီဆိုရင် ခေါင်းလုံးလေးထွက်လာပြီး သူစိတ်မဝင်စားရင် ကျောပိုးအိတ်ထဲ ခွေအိပ်နေတာပင်။ Mart အတွင်းတော့ ကျောပိုးအိတ်ပေါ် လက်ကလေးနှစ်ဖက်မှီတင်ထားရင်း ခေါင်းကို ဟိုဒီလှည့်ကာ စပ်စုနေသည်မို့ လူအများက ဝိုင်းကြည့်တာကိုလည်း ခံလိုက်ရပါသေးသည်။ ဖြူစွတ်နေသောကောင်ကလေးက မျက်လုံးညိုဝိုင်းဝိုင်းတွေနဲ့ နှာခေါင်းထိပ်ကလေးကရဲရဲနဲ့မို့ အမှန်တကယ်ကို လှပသော ကြောင်ကလေးတစ်ကောင်ပါ။ တွေ့မြင်တဲ့သူတိုင်း အကြည့်မလွှဲနိုင်ဖြစ်ရသည်က မဆန်းတော့။ သူတောင် ဒီကောင်လေးကို မထိဘဲနေနိုင်တာမှ မဟုတ်တာ။
အတင့်ရဲကာ အနီးကပ်လာသော ကြောင်ချစ်သူတစ်ချို့ကြောင့် Jungkook နေရခက်ကာ အပြင်ကို အမြန်ထွက်လာရ၏။ လူအများကြားနေရတာ မကြိုက်တာကတစ်ကြောင်းပေမဲ့ Jungkook စိတ်ထဲ တစ်ခုခုကို အလိုမကျချင်။
လူတွေများ သိပ်ကို စပ်စုချင်ကြတာပဲ။
ဒီနေ့ရဲ့ မင်းသား ဖြစ်တဲ့ ဖြူလုံးကောင်ကတော့ အိတ်ထဲမှာ ခွေအိပ်နေပြီ။
အေးပါ မင်းပဲကောင်းတယ်။
ဆိုင်တစ်ဆိုင်မှာ နေ့လည်စာဝင်စားမည့် အကြံကိုပင် အလျင်အမြန်ဖျက်လိုက်ရကာ အိမ်ကိုပဲပြန်လာလိုက်ရတော့၏။
Jungkook အခန်းထဲမဝင်ခင် ဖြူလုံးကောင်ကို ဆိုဖာခုံပေါ်မှာ တွေ့ခဲ့တာ နောက်ဆုံးဖြစ်ပြီး ကျန်တဲ့တစ်နေ့လုံးမတွေ့ရတော့။ မနက်ဖြန် အလုပ်ဆင်းဖို့အတွက် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်နေသည်မို့ Jungkook အခန်းအပြင်ကို မထွက်မိ။ ညနေစာစားဖို့ ထွက်လာတော့မှ ထမင်းစားပွဲခုံပေါ်မှာ အသင့်ထိုင်စောင့်နေသော ဖြူလုံးကောင်ကို တွေ့လိုက်ရသည်။
YOU ARE READING
White Cat that I'm in Love
Fiksi PenggemarThis story was for C** project. As usual, this is a jikook/kookmin story. Enjoy ^^ cover : Ursa Major (@Espresso95)