တရားဝင်ဝန်ထမ်းအဖြစ် အလုပ်ဆင်းတာ ဒီနေ့ဆို ငါးရက်မြောက်နေ့။ တစ်ပတ်တာသည် အခက်အခဲမရှိဘဲ ခပ်မြန်မြန်ပဲ ကုန်ဆုံးလာနေသည်။ အလုပ်သင်ကာလ သုံးလအတွင်းက သင်ယူလေ့လာခဲ့ရသမျှသည် ယခု အချိန်တွင် များစွာအသုံးဝင်လှသည်။ လူသစ်တွေနဲ့ ထိတွေ့ပြောဆိုဆက်ဆံရသော်လည်း အကုန်လုံးက သဘောကောင်းပြီး အငယ်ဖြစ်တဲ့သူကို လက်တွဲခေါ်ကြတာကြောင့် အဆင်ပြေချောမွေ့ပါသည်။
အလုပ်သိမ်းချိန်နီးတော့ သတိရမိတာ ဖြူလုံးလေး။ သူ့ကို ဖြူလုံးလေးလို့ ခေါ်တာကိုသိလျှင် စိတ်ဆိုးကာ ကုတ်ဆွဲဦးမည်။ သူ့ထက် အသက်ကြီးတယ်ဆိုတာကို တသွင်သွင်ပြောပြီး Hyung လို့ခေါ်မှသာ သူ ထိကိုင်တာကို လက်ခံပေးသည်။ ရယ်လည်းရယ်ချင်စရာပါ။ ကြောင်လေးတစ်ကောင်ကို Hyung လို့ တရိုတသေခေါ်နေရတာက။ အိမ်က အစ်ကိုအရင်းဖြစ်သူသာ သိလျှင်တော့ ဘယ်လိုနေမည်မသိ။ ခွေးတွေကြောင်တွေ ချစ်တတ်သော အစ်ကိုဖြစ်သူကတော့ သဘောတကျရယ်နေပါလိမ့်ဦးမည်။
ထိုကြောင်ဖြူလုံးလေးက ကိန်းကြီးခန်းကြီးနိုင်ကာ မာနကလည်းကြီးသေး၏။ သူခေါ်ရင် တော်ရုံပြန်မထူး။ သူ ကိုယ်လုံးလေးကို ပွေ့ယူမိလို့ စိတ်မကြည်နေလျှင် အဲ့နေ့ Jungkook လက်မှာ ကုတ်ရာပရပွပဲ။ စိတ်ကြည်နေရင်တော့ ကိစ္စမရှိ လုပ်ချင်တာလုပ်ခွင့်ပေးသည်။ လိုလိုလားလားဖြင့်လည်း သူ့ပေါ်တက်လာတာတွေ။ TV ကြည့်နေရင် ဘေးနားလာထိုင်တာမျိုးတွေ လုပ်တတ်၏။ ကြောင်ကလေးတွေက ချေတယ်လို့ ကြားဖူးတယ်။ ဒါသူတို့ သဘာဝပဲ ထင်ပါရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် Jungkook ကတော့ ထိုကောင်လေးကို အသည်းယားနေရတာပင်။
အိမ်အပြန်လမ်းက ပျော်စရာကောင်း၏။ ရုံးပိတ်ရက် နှစ်ရက်အတွင်း ဖြူလုံးလေးနဲ့ အချိန်ဖြုန်းပြီး လျှောက်လည်ရမယ်။ ဘတ်စ်ကားမှတ်တိုင်ကဆင်းပြီး တိုက်ခန်းရှိရာကို နည်းနည်းဆက်လျှောက်ရသေးသည်။ တိုက်တန်းလမ်းသွယ်ထဲကို ချိုးကွေ့ဝင်ရတဲ့ လမ်းထောင့်မှာ ကော်ဖီဆိုင်ငယ်လေးတစ်ဆိုင်ရှိ၏။ အရင်နေ့တွေကနဲ့ မတူတဲ့ အပြင်အဆင်နဲ့မို့ Decoration ပြောင်းထားသည်ထင်။ ဘာရယ်မဟုတ် အသစ်အဆန်းဖြစ်နေ၍ ဆိုင်လေးကို မျက်လုံးကစားကြည့်တော့ မှန်အပြည့်ကာထားတဲ့ နံရံကတစ်ဆင့် စားပွဲဝိုင်းလေးတစ်ခုက လူနှစ်ယောက်ကို မြင်ရသည်။ အနက်ရောင်တွေအပြည့်နဲ့ တစ်ယောက်ကို Jungkook မှတ်မိပါသည်။ ရှေ့ခန်းကလူ။ သူနဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ တစ်ယောက်ကိုတော့ သူမသိပါ။ မသက်ဆိုင်သော ကိစ္စဖြစ်၍ သူအကြည့်ပြန်လွှဲရသည်။
YOU ARE READING
White Cat that I'm in Love
FanficThis story was for C** project. As usual, this is a jikook/kookmin story. Enjoy ^^ cover : Ursa Major (@Espresso95)