Chapter 6 (Zawgyi)

145 30 0
                                    

နွားနို့ခွက်ကို ကိုင်ရင်း Jungkook ဆိုဖာခုံမှာ ဝင်ထိုင်လိုက်သည်။ ပြတင်းပေါက်ဘောင်ပေါ်မှာ တက်ထိုင်နေသော အစ်ကိုကြောင်လေးက ထိုနေရာမှာ ထိုင်ပြီး အပြင်ဘက်ကို မော့ငေးနေတာ တော်တော်ကြာပြီဖြစ်သည်။ ညစာစားပြီးကတည်းက ခုသူ ကိုယ်လက်သန့်စင်ပြီး ထွက်လာသည်အထိ နေရာမှ မရွှေ့သေးပါ။ ငြိမ်သက်ကာ ကောင်းကင်ပြင်ကို မော့ငေးနေတဲ့ ကြောင်ကလေးကို Jungkook လည်း ထိုင်ငေးကြည့်နေမိသည်။

ပြတင်းပေါက်မှန်ကနေ မြင်နေရသည့် ကောင်းကင်ပြင်က လကို Jimin ငေးကြည့်ကာ အတွေးများနေမိ၏။ မနက်ဖြန်ဆို လပြည့်တော့မည်။ တကယ်လို့ သခင်လေးသာ အချိန်မှီ ပြန်သွားမယ်ဆိုလျှင် ရာထူးဆက်ခံပွဲကျင်းပနိုင်မှာဖြစ်ပြီး။ သူသည်လည်း ပွဲအတွက်ပြင်ဆင်ပေးရင်း အလုပ်များနေလိမ့်မည်။ သို့သော် သခင်လေးက သူရဲ့ Partner ဖြစ်သူက အဆင်သင့်မဖြစ်သေးဘူးဆိုတာကြောင့် Pack ကို မပြန်သေး။ နောက်လ လပြည့်နေ့တော့ အရောက်ပြန်ဖို့ Jimin တိုက်တွန်းထားသည်။ လူသားတစ်ယောက်ဖြစ်သည့် သခင်လေးရဲ့ Partner က မျိုးနွယ်ခြားအုပ်စုထဲမှာ အခြေချနေထိုင်ဖို့အတွက် ပြင်ဆင်ချိန်လိုအပ်ပါလိမ့်မည်။ Jimin နားလည်ပေးနိုင်ပါ၏။ လူမဟုတ်တဲ့ လူတွေကြားမှာ မိမိတစ်ဘဝလုံးကို မြှုပ်နှံနေထိုင်နိုင်ဖို့ဆိုတာ။

အခု သူ့ကို နောက်ကနေ ငေးကြည့်နေတဲ့ ကောင်လေးဆိုရင်ရော။ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ကောင်လေးမှာ အနာဂတ်အိမ်မက်တွေရှိပါလိမ့်မည်။ သူ ချစ်ချင်တဲ့ လူကို ချစ်ပြီး သူချစ်ခင်နှစ်သက်တဲ့ သူနဲ့ ဘဝတစ်ခုထူထောင်နေဖို့ ရည်ရွယ်ချက်တွေ ရှိနေလိမ့်မည်။ သူ ဝါသနာပါသည့်ဆိုသည့် Game Character တွေကိုလည်း စိတ်ကြိုက်ဖန်တီးပြီး အောင်မြင်မှုတွေလည်း အများကြီးဆွတ်ခူးရပါဦးမည်။ ထိုကဲ့သို့ လွတ်လပ်သော သူ့ရှေ့ဆက်လမ်းတွေကို ဘာမဟုတ်တဲ့ အနှောင်အဖွဲ့လေးတစ်ခုနဲ့ မချည်နှောင်ထားလိုပါ။ သူ တကယ်ကို ထွက်သွားဖို့ လိုနေပြီ။ သူ့တာဝန်လည်း ပြီးဆုံးသွားပြီမို့ ဤနေရာ ဤအရပ်ဒေသမှာ ဆက်နေဖို့ မသင့်တော်တော့ပါ။ သူ့ကို ခင်တွယ်နေတဲ့ ကောင်လေးတစ်ယောက်ကိုတော့ အားနာရပေမဲ့လို့ပေါ့။ ဒီထက်ရက်ပေါင်းတွေ ကြာသွားရင် သံယောဇဉ်တွေလည်း ထပ်ပြီး ရှည်လျားလာဖို့ပဲ ရှိပါလိမ့်မည်။ အချိန်တွေ မလိုခင် ဖြတ်ပစ်ရပါလိမ့်မည်။

White Cat that I'm in LoveWhere stories live. Discover now