part(13)

8.5K 657 6
                                    

Unicode

"ညနေစာ.... ဘာစားမလဲ"

Laptopနှင့်အလုပ်လုပ်နေသော မိုးဦးကိုလာမေးသည်။

"အပြင်မှာမှောင်နေပြီပဲ. . . အလုပ်လေးရှိနေလို့... အချိန်လွန်နေတာ မသိလိုက်ဘူး.... ဗိုက်ဆာနေပြီလား"

". . . . . . ."

"ပိုက်ဆံက အခန်းထဲစားပွဲပေါ်က ကိုယ့်ပိုက်ဆံအိတ်ထဲမှာယူနော်. . . အပိုယူသွားပြီး အဝတ်အစားဝယ်ခဲ့ပါလား. . . ညစာကို... မင်းကြိုက်တာဝယ်ခဲ့လေ... ကိုယ်က ဘာဖြစ်ဖြစ်ရတယ်"

"အဝတ်အစားမလိုဘူး"

အခန်းထဲဝင်ကာ ပိုက်ဆံယူပြီးထွက်သွားသည်။ ကိုယ်ကသာ ရင်းနှီးး​သောစကားတွေပြောနေတာ... သော်က အခုထိ ခပ်ပြတ်ပြတ်စကားများသာပြောသည်။ တော်သေးတာက ဒီတစ်ရက်မိုးဦးအနားမှာနေပေးလို့။

မိုးဦး မိမိရှေ့ရေးကိုကြိုတွေးထားမှရမည်။
တွေးထားတဲ့အတိုင်းကို ဖြေးဖြေးချင်းတိတိကျကျလုပ်ဆောင်ဖို့လဲလိုသည်။
မလွယ်ကြောလေးဖြစ်နေတာကို လျှော့တွက်လို့လဲမရသလို သူ့ကိုအထင်သေးတယ်လို့ထင်မှာလဲစိုးရသည်။
မိုးဦးဇွတ်လုပ်သမျှသည် သော့်အတွက်သာဖြစ်သည်။
သော်ပြောသလို ကိုယ် ထားရာနေစေရာသွားဘဝမျိုးနေစေချင်လို့ လုပ်နေတာတစ်ခုမှမရှိပါ။
အတော်ကြမ်းတမ်းတဲ့လမ်းကို လျှောက်ခဲ့ရပုံပေါ်​နေတဲ့သူကို အတိုးချပြီးစောင့်ရှောက်ချင်ရုံသာဖြစ်သည်။
ခုထိမေမေ့အကြောင်းလဲ ထပ်မမေးတော့တာကြောင့် ကိုယ်ပြောသလောက်သာ သူသိသေးသည်။ မေမေ့ကိုအတော်လေးခင်တွယ်သူက ဆုံးသွားပြီလို့ပြောစဥ်ခဏသာမျက်နှာပျက်ပြီး ကျန်တာဘာမှမေးမလာတာထူးဆန်းတယ်။
မေမေများ သော့်ကိုတစ်ခုခု လုပ်မိခဲ့လေတာလား။
မဖြစ်နိုင်ပါဘူးလေ. . . မေမေက မိုးဦးအတွက်ပဲကြည့်တာတော့ဟုတ်ပေမဲ့ အဲ့လောက်တော့ မလုပ်တန်ရာ။ မေမေကိုယ်တိုင် သော့်ကိုပြုစုစောင့်ရှောက်ပေးခဲ့တာပဲလေ။ သော့်ကို မေမေ ချစ်တာမိုးဦးသိပါသည်။

.
.
.
.
အေးချမ်းသော် ညနေစာဝယ်တာ​ပြီး အိမ်ပြန်ရောက်လို့ပန်းကန်ထဲထည့်မယ်ကြည့်တော့မှပဲ မိုးဦး ကြိုက်တာတွေကိုသာ​ ရွေးဝယ်လာမိမှန်းသိတော့သည်။ လူကတကယ်ကိုဘာတွေလုပ်မိနေတယ်မသိတော့တာ။ သူ့အကြိုက်ကိုရော ဘယ်လိုလုပ်မှတ်မိနေသေးတာလဲမသိ။
ရှိပါစေတော့လေ... ငါအမှတ်တမဲ့လုပ်မိတာ။ သူလဲသတိထားမိမှာမဟုတ်ပါဘူး။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now