part(17)

7.9K 661 16
                                    

Unicode

ဒီလိုနဲ့ ကိုယ်စီကိုယ်စီအလုပ်လုပ်နေကြရတာ သေချာစကားမပြောဖြစ်ကြသေး။ နှစ်ပတ်ရှိပြီ အတူနေနေတာက။ သူရုံးသွားချိန်ဆိုကိုယ်က နား​ပြီး သူနားချိန်ဆို ကိုယ်အလုပ်သွားရတာမို့။

မိုးလင်းခါနီးမှပြန်လာတဲ့ သော်က အပြင်ဧည့်ခန်းမှာခဏနားသည်။ ပြီးလျှင်တော့မနက်စာ သူမနိုးခင်ပြင်ဆင်နေလိုက်သည်။ သူနိုးလာရင် စားရုံပဲအသင့်။ သော့်ကိုမလုပ်ခိုင်းထားပေမဲ့ ဒီလိုချည်းပဲမနေချင်။
သူမနက်စာစားပြီးရုံးသွားမှ. . .သော် နားသည်။
နေ့လည်စာကိုနိုးသည့်အချိန် ထ ပြင်သည်။ တပါတည်း သူ့အတွက် ညနေစာပါ ပိုချက်လိုက်သည်။ ရေခဲသေတ္တာထဲတွင် ချက်စရာအမြဲအဆင်သင့်ထည့်ထားပေးသည်ကြောင့် အဆင်ပြေသည်။
သော်က ညစာကို​တော့ ဆိုင်ကို​ရောက်မှပဲစားသည်။
သော်တို့ရဲ့တစ်နေ့တာက ဒီအတိုင်းသားဖြစ်သည်။
သူက သော်အနေခက်အောင် အနှောင့်အယှက်ဖြစ်အောင် တကယ်မလုပ်ပါ။
သော်လဲ ဘာပြသနာမှမရှာနိုင်သေး။

သူက လိုတာမှန်သမျှကို ပြောစရာမလို။ သူ့စိတ်ကူးနှင့်သူအကုန်လုပ်ပေးပြီးသားပင်။ အဝတ်အစားလဲဘယ်ချိန်ဝယ်သည်တော့မသိ။ တပုံကြီးအသစ်တွေဝယ်ထားပေးသည်။ ဘောင်းဘီခါးဆိုဒ်ကအစ အတိအကျနဲ့။
မိုးဦးကြည်သာ ပီသပါပေ့။

ရုံးသွားကာနီးရင်လဲ နှုတ်ဆက်စကားအပြင် အထွေအထူးသိပ်မပြော။
သူကမှ ဘာမှမလုပ်တော့ ကိုယ်ကလဲပြသနာမရှာနိုင်သေးတာ။

ဒါ မုန်တိုင်းမတိုက်ခင်အချိန်လေးဆိုပါတော့လေ။
.
.
.
.
.

မိုးဦး သော့်ကိုအလုပ်ထွက်စေချင်သည်။
ဒီတိုင်းပြောဖို့ကလဲ အဆင်မပြေ​သေး။
သော်က လွယ်လွယ်နဲ့လက်ခံမှာမဟုတ်။
မိုးဦး သော့်ကို ထိုနေရာတွင်စိတ်မချပါ။ ဟိုတစ်ခါဆိုင်မှာတွေ့ခဲ့တဲ့ကလေးမနှင့် ကြုံကြိုက်ပြီး Juction City မှာပြန်တွေ့ကြသေးသည်။ အေးချမ်း အေးချမ်းနှင့်ပါးစပ်ဖျားကမချ။ ပြောချင်ရာပြောပြီး အေးချမ်းသော်ကိုသူ့အပိုင်လုပ်သွားသည်။ မသိရင် သူနဲ့ချစ်သူလိုလို ဘာလိုလိုပြောသွားတာမို့ မိုးဦးပိုလို့စိတမချဖြစ်ရတာ။
ကိုယ်က ဖက် ပြိုင် မပြောနိုင်တော့ သူပြောသမျှနဲ့သာငြိမ်နေခဲ့ရသည်လေ။
စိတ်ကတော့ တကယ်မချနိုင်တော့တာ။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now