part(31)

7K 502 10
                                    

Unicode

ရဲရင့် ဒီရက်ပိုင်းမှာ မိုးဦးအနားတကပ်ကပ်နဲ့​ဖြစ်​​နေတယ်။
မမပြောထားတဲ့ကိစ္စစုံစမ်းရမယ်လေ။
တကယ်လဲ ပြောချင်စရာ ထင်ချင်စရာကြီး။ တစ်နေ့ ဖုန်းကို ဘယ်နှစ်ခါပြောတာလဲမသိ။ ပြောတိုင်းလဲ ပြုံးလို့ရွှင်လို့။ အသံကနူးညံ့လွန်းလို့ ​​လေထဲမှာပင်​ပျော်ကျတော့မတတ်။ မမပြောတာ သေချာသလောက်ရှိနေပါပြီ။ ဖုန်းပြောခြင်းရဲ့ ၉ကြိမ်မှာ ၇ကြိမ်လောက်က သော်ဆိုတာချည်းပဲ။

ဒီနေ့မထင်မှတ်ဘဲ ကိုမိုးဦးနှင့် ရဲရင့် အပြင်ကိုအတူသွားရသည်။
အလုပ်ကိစ္စ စကားပြောပြီးတော့ ကိုမိုးဦးက toilet ခဏဝင်မယ်ဆို​ပြီး ဝင်သွားတယ်။ အိတ်ကိုအပြင်မှာ ရဲရင့်နှင့်ထားခဲ့သည်။ ထိုအချိန်မှာပဲ ဖုန်းသံ ကြားလိုက်ရတာ။

ရဲရင့် သူတပါးဖုန်းကို ကိုင်ဖို့မရဲဖြစ်ရတာမို့ မကိုင်မိ။ မကိုင်ပေမဲ့ ကြည့်တော့ကြည့်မိလိုက်သည်။ ဖုန်းခေါ်နေသူက. . .သည်းသော် တဲ့။
အဟမ်းးးးးးအဟွတ်. . .အဟွတ်. . . နာမည်မှတ်တာကလဲကွာ။
ငါပါ ရင်တွေခုန်တယ် တကယ်။
ရဲရင့်ကဘာအတွက် ရင်တွေခုန်နေလဲမသိ... ရင်ထဲတလှပ်လှပ်ခုန်နေတာ။

ခဏ​နေမှ ကိုမိုးဦး ပြန်ထွက်လာသည်။

"အကိုမိုးဦး..ခုဏ အစ်ကို့ဖုန်းလာနေတယ်. . . ကျွန်တော်...မ...မကိုင်လိုက်ဘူး"

"ဟုတ်လား"

ပြောရင်း ကိုမိုးဦးက ဖုန်းပြန်ခေါ်ဖို့လုပ်သည်။
.
.

"သည်းသော်.... ဖုန်းခေါ်တာလား... ကို့ကို ဘာပြောဖို့လဲ.."

အမလေး. . . ဘုရားနဲ့သိကြားပါလား။
ရဲရင့်အတွေးများ ​မှောင်မိုက်ပြာဝေသွားတော့သည်။
ဒီတိုင်းကို ခေါ်ချလိုက်တာပါလား။ ငါ့ထက် သတ္တိရှိတာပေါ့။
ငါ့မှာတော့ ဟိုလုသိမှာကြောက် ဒီလူသိမှာကြောက်နေတဲ့ချစ်သူလေးကြောင့် ဘာမှမတတ်နိုင်ဘဲ အတူလိုက်ပြီးဖုံးကွယ်နေရတယ်။ သူတို့ကျတော့လဲ တစ်မျိုးပါလား။

မမပြောသလိုပါပဲ​လေ။
သူ့ဘဝ သူ့ကမ္ဘာ ပိုင်စိုးသူကို​တွေ့ရ​တော့ ပတ်ဝန်းကျင်ကိုမေ့နေတာ မေ့နေတာ။ သေချာပြီဆိုရင်တော့ ငါ့ကောင်ကို ငါမေးမှဖြစ်တော့မယ်။

ချစ်သူ့စကား ရင်နှင့်ကြားစေKde žijí příběhy. Začni objevovat