part(32)

7K 459 6
                                    

Unicode

ဒီနေ့မိုးဦး အလုပ်ပိတ်ရက်ပါ။ ဒါကြောင့် တ​စ်နေကုန် သော့် အနားမှမခွာပဲ​နေတယ်။ ဆရာစာလာသင်တဲ့အချိန်ကလွဲရင် ကျန်အချိန်တကယ်ကြီးကပ်ထားတာ။ သော်ကအိမ်ရှေ့မှာဆို အိမ်ရှေ့ကိုလိုက်တယ်။ သော်ကအိမ်အနောက်ရောက်သွားလဲ အိမ်အနောက်အထိလိုက်တာပဲ။
ဆရာနဲ့စာသင်နေချိန်လေးကိုတောင် မကောင်းတတ်လို့ရှောင်ပေးရတဲ့သဘော။ ဒါတောင်ခပ်ဝေးဝေးမှာမနေဘူး... မြင်ရကြားရတဲ့နေရာမှာနေတာ။

သော်တို့ ဆရာတပည့် ဧည့်ခန်းမှာစာသင်နေချိန် မိုးဦး အခန်းထဲမှာနေရင်း နားစွင့်မိနေသည်။ သည်းသော်လေး တကယ်ကို ကြိုးစားနေရှာသည်။ မရှင်းတာချက်ချင်းပြန်မေးသည်။ ဆရာမေးသမျှကို တိတိကျကျပြန်ဖြေသည်။ ညဆိုရင်လဲ စာလုပ်တာ ညနက်သည်အထိ။ မိုးဦးရဲ့ စကားတစ်ခွန်းကို နှစ်ခါပြောစရာမလိုအောင် ဖြည့်စည်းပေးနိုင်သူလေးပါ။ သူ့ကိုဆယ်တန်းတော့အောင်စေချင်တယ်လို့ပြောထားမိတော့ အောင်ရမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားတာ။ တကယ်တော့လဲ စာနဲ့အရမ်းကိုဝေးလွန်းနေပြီမို့ သော့်အတွက်အခက်ဆုံးက စာသင်နေရတာပဲဖြစ်နေရှာတာ။ သို့သော် မိုးဦးစိတ်ကိုနားလည်သူမို့အစွမ်းကုန်ကြိုးစားပေးတယ်။
မိုးဦး ချစ်တာလွန်သလား.... ကဲ။

စာသင်လို့ပြီးတော့ မိုးဦး ဆရာနှင့်စကား ခဏပြောကြသည်။
သော့် အခြေအနေက စာ​မေးပွဲအောင်ရန် ပူစရာမလိုကြောင်းပြောသည်။
မိုးဦး ဝမ်းသာ ပီတိဖြစ်သည်။ သော့်ကိုလဲ ယုံကြည်ပါသည်။
စာနှင့်ဝေးနေသည်ဆိုပေမဲ့ သော် စိတ်ပါလက်ပါကြိုးစား​နေလို့သာပေါ့။ မဟုတ်ရင် မိုးဦး​ ဘယ်လောက်ဖြစ်စေချင်သည်ဖြစ်စေ. . . ဘာမှဖြစ်လာမည်မဟုတ်။ ခုတော့. . . ကိုယ့်စကားနားထောင်သည့် ချစ်ရသူကြောင့် မိုးဦးအတော်လေးကိုစိတ်ချမ်းသာရတယ်။
.
.
.

"သည်းသော်"

ဆရာပြန်သည်နှင့် လှမ်းခေါ်တော့သည်။

"ကို... ခဏလေးနော်"

"လာပါဆို.... ''

''ကို တစ်နေ့လုံး ဘာဖြစ်နေမှန်းကိုမသိဘူး.... လူကိုအတင်းလိုက်ကပ်နေတော့တာပဲ''

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now