"ဒုန်း....ဒုန်းးးးးဝုန်းးး........ဟီး.....အီး....အီးး"
"အမ်မလေး....ကိုရေ.....ကလေးတွေကြည့်ပါအုံး....ဘာဖြစ်တာလဲမသိ....ကိုရေ....ကလေးတွေနားမှာဘယ်သူရှိလဲ"
အိမ်နောက်ဘေးကို ခဏဝင်သွားလိုက်မိတာ...ခဏလေးရယ်...ကလေးနှစ်ကောင်ရေဆာတယ်ဆိုလို့ သောက်ရေပြေးခပ်တာပါ။
အိမ်ရှေ့ဆီမှအသံတွေ ဆူညံပွက်နေတော့တာပဲ....သော် အိမ်ရှေ့ဆီအမြန် ပြေးထွက်လာတော့ ....အသံကြားလိုက်လို့ထင်....ကို လဲ ပြေးချလာသည်။
အနားရောက်တော့....ငိုတဲ့ကောင်က ငိုနေပြီ။
ဘယ်သူ့လက်ချက်ကြောင့်တော့မသိ....ကြမ်းပြင်ပေါ်မှာ စာအုပ်တွေ ဂဏာန်းပေါင်းစက်တွေ ဘောပင်တွေ ပြန့်ကြဲလို့..."ဘာဖြစ်တာလဲ ...ဟင်....ဘာဖြစ်တာလဲ"
အိမ်ပေါ်ပြေးတက်လာရင်း ကိုက အမောတကြီး မေးတော့သည်။
"မသိဘူး...သော် နောက်ဘက်ကို သောက်ဖို့ရေသွားခပ်ပေးနေတာ.. ခဏလေးတောင်မှ လွှဲလို့မရဘူး....စိန်မျောက်မျောက်တို့ကတော့....."
ကလေးနှစ်ယောက်ထဲမှ...အကြီးလေးက လေးနှစ်လောက်ရှိပြီ။ သော့်ကိုတလှည့် မိုးဦးကိုတလှည့် ကြည့်နေသည်။လူကြီးတွေကိုမြင်မှ ငိုမဲ့မဲ့ဖြစ်သွားပြီး....
"သား မလုပ်ဘူး....ပါးပါး"
ပြောလဲပြော....ငိုလဲငို
"ဟုတ်လား....ညီလေးက ဧည့်သည်လေ....လိုချင်တာရှိရင် သားကပေးလိုက်ပေါ့... ညီလေးကဘာလိုချင်လို့လဲ...ဟင်"
မိုးဦး ကလေးကိုပွေ့ချီပြီး ထိုင်လိုက်သည်။
သော်လဲ ခုဏကတည်းကငိုနေသူ ကိုရွှေဧည့်သည်ကို ချော့ဖို့ပြင်ရသည်။"သားငယ်လေး...ဒီကိုလာပါအုံး...သားရေဆာတယ်ဆိုလို့လေ..ခဏလေးပဲသွားတာ....ဒါတွေဘယ်သူလုပ်လိုက်တာလဲ...ဟင်"
မျက်ရည်တွေရော နှာရည်တွေပါ မျက်နှာတစ်ခုလုံးပေတလူးပွလို့ရယ်...သုတ်ပေးရင်း ကျောလေးပုတ်ပြီးချော့ရင်း မေးရတယ်။ အငိုတိတ်သွားပေမဲ့ ဘာမှမပြောဘူး။ ကို့ရင်ခွင်ထဲမှာ ထိုင်နေတဲ့ အကြီးလေးကိုကြည့်နေတယ်။
"သား....ပြောစမ်း..ညီလေးဘာဖြစ်တာလဲ...စာအုပ်တွေယူမဆော့ရဘူးလို့ ပြောထားတယ်လေ...ဘာလို့ယူဆော့တာလဲ....ပါပါးစာရင်းစာအုပ်တွေလေ...သားမသိဘူးလား"
YOU ARE READING
ချစ်သူ့စကား ရင်နှင့်ကြားစေ
Romanceအချစ်ဟာ ပျားရည်မြစ် အချစ်ဟာ စမ်းရေအေး အချစ်ဟာ ဆောင်းနှင်းရည်နဲ့သီးတဲ့ချိုမြိန်သစ်သီး အချစ်ဟာ နွေဦးရဲ့လေပြေ အချစ်ဟာ မိုးဆန်းပန်း အရမ်းချစ်တယ်♥♥