part(29)

7.3K 441 2
                                    

Unicode

"ရဲရင့်ရေ. . . ရုံးကိုတူတူသွားရအောင်. . .မမ...ဒီနေ့ကားထားခဲ့မယ်နော် ညနေဝင်စရာရှိလို့"

"ကျွန်တော်ပါ လိုက်မှရမှာလား. . .မမ ဝင်စရာက"

"အေးပေါ့"

ရဲရင့်စိတ်တော့နည်းနည်းစိတ်လေသွားပေမဲ့ မတတ်နိုင်။
မမက မလိုအပ်ရင် သူ့ကိုရုံးမှာတောင် အပေါ်ထပ်တက်မလာခိုင်းသူ။
ကိစ္စရှိလို့သာ ရဲရင့်ကိုခေါ်တတ်သူဆိုတော့လဲ ရဲရင့် မငြင်းသာပါ။

ဒီနေ့ မြတ်နိုးကို လိုက်မပို့ပေးနိုင်တော့။ ရဲရင့်တို့ချစ်သူနှစ်ဦးက ရုံးမှာဆိုရင် ဆင်ခြင်ရသည်။ အစွမ်းကုန်ဆင်ခြင်ရသည်။ ဒေါ်မြတ်နိုးမှာက ဆင်ခြင်စရာ အလွန်များလှသည်လေ။

အပြန်ဆိုရင်လဲ မြတ်နိုးက ရဲရင့်ကားနှင့်ပြန်မလိုက်လို။ တစ်ခါတစ်ရံမှသာလိုက်ပို့လို့ရသည်။ လိုက်ပို့ခွင့်ရမှ အပြင်မှာခဏစကားပြောလို့ရတာ။ ဒီနေ့က မြတ်နိုးကိုလိုက်ပို့ဖို့ချိန်းထားပြီးသားနေ့။ ရှိစေတော့ ရှိစေတော့။ မမစိတ်ငြိုငြင်အောင်မလုပ်ချင်။ အခွင့်အရေးရရင် ဒီနေ့ မမကို ပြောပြထားတော့မည်။ မြတ်နိုးနှင့်ချစ်နေကြတဲ့အကြောင်းကိုပါ။
.
.

ဟိုအိမ်တွင်တော့.... မိုးဦး ရုံးသွားကာနီး သော့် ကို ရစ်နေတာ။
မိုးလင်းအိပ်ယာနိုးတော့ သော် ရှိမနေလို့တဲ့။

သော်ကလဲ ဟင်းချက်စရာ ဆင်းဝယ်တာ။
မနေ့က ဆရာက ညနေစျေးသွားချိန်ကို စာသင်ချိန်ယူသွားတော့ စျေးမသွားလိုက်ရ။ အတိုအစလိုတာဆိုရင်  အန်တီနဲ့မှာနေကျပေမဲ့ ဝယ်ရတာများတဲ့နေ့ဆိုတော့ အန်တီတစ်ယောက်ထဲ သယ်ရတာအားနာလို့ သော်က မနက်မှစောစောဝယ်မယ်ဆိုပြီး မမှာလိုက်တော့။

မှီအောင်တော့အပြေးပြန်တာပါပဲ။ အိမ်ရောက်တော့ ကိုက နိုးနေပြီ။ သော် ပြင်ပေးထားတဲ့ breakfast စားနေပြီ။

"ကိုရေ"

"အင်း"

"ကိုရေ"

"ဘာလဲကွာ"

"သော်က... စျေးဆင်းဝယ်တာပါ. . .ခဏပါပဲ. . .ကိုက စောပြီးနိုးနေတာကိုး"

ချစ်သူ့စကား ရင်နှင့်ကြားစေDove le storie prendono vita. Scoprilo ora